ထိုင်းနိုင်ငံတွင်ကျင်းပလျက်ရှိသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံအ တွက် ပထမဆုံးရွှေတံဆိပ်ဆုများရယူပေးခဲ့ကြသည့် အမျိုးသားခြင်းလုံးအသင်းနှင့် အမျိုးသမီးအသင်းတို့ကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ(၆၀၀)၊ ကမ္ဘောဇဘဏ် နာယကကြီးဦးအောင်ကိုဝင်းမှ ထိုင်းဘတ်ငွေ(၆)သိန်း၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့်မှ ထိုင်းဘတ်ငွေ(၅)သောင်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့် ရန်ကုန်တိုင်းအားကစားနှင့်လူငယ်ရေးရာ အ ထောက်အကူပြုကော်မတီဝင်များမှ ထိုင်းဘတ်ငွေ (၅၀,၀၀၀)နှင့် အမေရိကန်ဒေါ်လာ(၄၀၀)တို့ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံခြင်းလုံးနာယက ဦးစိုးတင့်မှ ထိုင်းဘတ်ငွေ(၃)သောင်း၊ မြန်မာနိုင်ငံခြင်းလုံးဥက္ကဋ္ဌ ဦးရဲဝင်းထွဋ်တင်မှ အမေရိကန်ဒေါ်လာ(၃,၀၀၀)နှင့် ဒု-ဥက္ကဋ္ဌ ဦးအောင်မြင့်မြတ်မှ အမေရိကန်ဒေါ်လာ(၁,၀၀၀)၊ မြန် မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးမွန်နှင့်အဖွဲ့မှ အမေရိကန်ဒေါ်လာ(၆၀၀)နှင့် ထိုင်းဘတ်ငွေ(၁၀,၀၀၀)တို့ကိုလည်း ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲများတွင် ငွေတံဆိပ်ဆုများဆွတ် ခူးနိုင်ခဲ့သည့် မြန်မာပိုက်ကျော်ခြင်း ကွင်းသွင်းခြင်း ခတ် အမျိုးသား/အမျိုးသမီးအသင်းမှ အားကစားသ မားများကိုလည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနမှ အဆမရိကန်ဒေါ်လာ(၄၀၀)ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
