မြန်မာနိုင်ငံသားများဘဏ်လီမိတက်(MCB)မှ ဗ ဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် ဘဏ်ခွဲ ၅ ဘဏ်အား ပိတ်သိမ်းခဲ့ကာ ဘဏ်ခွဲအသစ် ၃ ခုကိုဖွင့်လှစ်ခဲ့သည်ဟု ဒီဇင်ဘာ ၂၈ ရက်က ရင်းနှီးမြှုပ်နှံသူ များနှင့်အစုရှယ်ယာရှင်များအား အသိပေးခဲ့သည်။
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့၊ရန်ကြီးအောက်ရပ်ကွက်၊ဗိုလ်ချုပ်အောက်ဆန်းလမ်း ၊အမှတ်(၁၃၂)ရှိ ဇီးကုန်းဘဏ်ခွဲနှင့်တန့်ဆည်မြို့၊ပေါ်ဦးရပ်ကွက်၊ဝင်္ကဘာ(တ)၊အမှတ်(၁၁၁၂/ခ)ရှိ တန့်ဆည်ဘဏ်ခွဲတို့အား ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာ ၇ ရက်တွင် ပိတ်သိမ်းခဲ့သည်ဟု အသိပေးခဲ့သည်။
ထို့ပြင် မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ၈၀ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြား၊အမှတ်(၃၀၅) ရှိ မန္တလေးဘဏ်ခွဲ(၄)အား ၂၀၂၂ ခုနှစ်၊မတ် ၂၅ ရက်တွင် ပိတ်သိမ်းခဲ့သည်ဟု သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့၊မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊အမှတ်(အေအေ-၂၇/က)ရှိ မူဆယ်ဘဏ်ခွဲ(၁)နှင့်စစ်ကိုင်းတိုင်း၊မုံရွာမြို့၊အောင်မင်္ဂလာရပ်၊ချင်းတွင်းရတနာစျေး (ပထမထပ်)ရှိ မုံရွာဘဏ်ခွဲငယ်တို့အား ၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာ ၉ ရက်တို့တွင် အသီးသီးပိတ်သိမ်းခဲ့သည်ဟု အသိပေးခဲ့သည်။
ထိုသို့ ဘဏ်ခွဲ ၅ ခုအား ပိတ်သိမ်းခဲ့သော်လည်း ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၌ ကမာကြည်ဘဏ်ခွဲအား နိုဝင်ဘာ ၁ ရက်၊ မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၌ ပြင်ဦးလွင်ဘဏ်ခွဲအား သြဂုတ် ၁၉ ရက်တို့တွင် အသစ်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်တွင် ဟင်္ဿာတဘဏ်ခွဲကိုလည်း ဒီဇင်ဘာ ၂၆ ရက်တွင် အသစ်ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံသားများဘဏ်လီမိတက်မှ သိရသည်။
ပုံစာ – ပိတ်သိမ်းလိုက်သည့် မြန်မာနိုင်ငံသားများဘဏ်လီမိတက် ဇီးကုန်းဘဏ်ခွဲ