ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာ ရအသင်းမှကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ(ပဉ္စမအကြိမ်မြောက်)နာဂပုရ သာသနာလင်္ကာရသာမဏေကျော်စာမေးပွဲအား ယနေ့ အောက်တိုဘာ ၂၁ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိကျင်းပလျက်ရှိသည်။
အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ(ပဉ္စမအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ၌ ဥပစာတန်း ရဟန်း၊ သာမဏေ၊ သီလရှင်(၁၀၂)ပါး၊ မူလတန်း ရဟန်း၊ သာမဏေ၊ သီလရှင်(၃၃၄)ပါး၊ ပထမအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၁,၇၉၈)ပါး၊ ဒုတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၈၁၂)ပါး၊ တ တိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၂၅၄)ပါး (စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၃,၃၀၀ ပါး) ဝင်ရောက်ဖြေဆိုတော်မူလျက်ရှိသည်။
ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် ဇနီး(မိသားစု)မှ ငွေကျပ်(၅၂)သိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်မှ ကျပ်သိန်း(၁၀၀)၊ အရှေ့ပိုင်းတိုင်းစစ်ဌာနတိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးမှ ကျပ်သိန်း(၄၀)၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းမှကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးမှ ငွေကျပ်(၁၀)သိန်းတို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ(ပဉ္စမအ ကြိမ်မြောက်)နာဂပုရသာသနာလင်္ကာရသာ မဏေကျော်စာမေးပွဲအတွက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်း အလှူငွေများအား နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်းဆရာတော်အား ဆက်ကပ်လှူဒါန်းရာ ဆရာတော်မှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
