Tuesday, December 9, 2025

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကြက်တောင်မယ်ကို ရှုံးနိမ့်

ဆီးဂိမ်းပြိုင်ပွဲဝင်‌ရောင်ယှဉ်ပြိုင်နေသည့်မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာမှာ အင်ဒိုနီးရှားကြက်တောင်မယ် Putri Kusuma WAR -DANI ကို သုံးပွဲကစား (၁)ပွဲနိုင် (၂)ပွဲရှုံးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ...

Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ်...

တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeekကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် "ရေနက်ပိုင်း ရေငုပ်သမား" (Deep diver)...

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’...

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင်...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ...
HomeNewsLocal Newsမြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့မှုအနေဖြင့်...

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့မှုအနေဖြင့် နှစ်စဉ်သတ်မှတ်ပမာဏထက် ပိုမိုတင်ပို့ထား

မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ နှစ်စဉ်သတ်မှတ်ပမာဏထက် ပိုမိုတင်ပို့ထားကြောင်း နယူးဒေလီအခြေစိုက် သတင်းဖော်ပြချက်များအရ သိရသည်။

နှစ်နိုင်ငံ ငါးနှစ်သဘောတူစာချုပ်အရ အိန္ဒိယနိုင်ငံသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစဉ်းငုံတန်ချိန် ၁ သိန်း အထူးသွင်းခွင့်ပြုထားခြင်းဖြစ်သည်။

သို့ရာတွင် အစိုးရဆိုင်ရာ အရင်းအမြစ်များအရ မြန်မာနိုင်ငံမှ တင်သွင်းသည့် မတ်ပဲနှင့် ပဲစဉ်းငုံပမာဏများသည် နှစ်စဉ်သဘောတူချက်ထားရှိသည့် ပမာဏထက် နှစ်စဉ်ပိုမိုနေကြောင်း၊ အိန္ဒိယနိုင်ငံသည် ၂၀၂၁ ခုနှစ် မေလမှစတင်၍ မတ်ပဲနှင့် ပဲစဉ်းငုံများကို ကန့်သတ်ချက်မရှိ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုအခါ ဤမူဝါဒကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ထားကြောင်း သိရသည်။

၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ ရှိခဲ့ပြီး အိန္ဒိယမှ မြန်မာနိုင်ငံသို့ တင်ပို့မှုသည် ဒေါ်လာ ၆၁၄ သန်းကျော်သာရှိသော်လည်း မြန်မာမှ တင်သွင်းမှုသည် ဒေါ်လာ ၁၅၃၃ သန်းခန့်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ အိန္ဒိယသို့ တင်ပို့မှုသည် အိန္ဒိယမှ မြန်မာသို့ တင်ပို့မှုထက် ပိုမိုမြင့်တက်လာခြင်းမှာ အိန္ဒိယအစိုးက မတ်ပဲနှင့်ပဲစဉ်းငုံတို့ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ကန့်သတ်ချက်မရှိ တင်သွင်းခွင့် ကြေညာခဲ့ပြီးနောက်ပိုင်းတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ထပ်မံတိုးချဲ့ခဲ့သောကြောင့်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၁ဒသမ ၂၉ ဘီလျံမှ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၈၉ ဘီလျံ၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇၆ ဘီလျံနှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇၄ ဘီလျံအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

အိန္ဒိယသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယသည် မြန်မာနိုင်ငံသို့ ဆေးဝါးများ၊ တိရစ္ဆာန်မှထွက်ကုန်များ၊ကောက်ပဲသီးနှံများ၊ အစားအသောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများ၊ ဝါဂွမ်း၊ စက်ပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် လျှပ်စစ်စက်ကိရိယာများ အဓိကတင်ပို့လျက်ရှိပြီး တစ်ဖက်တွင်မူ မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပဲမျိုးစုံ၊ သစ်ထွက်ပစ္စည်းများနှင့် စိုက်ပျိုးရေးထွက်ကုန်များတင်ပို့လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ -စီးပွား/ကူးသန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကြက်တောင်မယ်ကို ရှုံးနိမ့်

ဆီးဂိမ်းပြိုင်ပွဲဝင်‌ရောင်ယှဉ်ပြိုင်နေသည့်မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာမှာ အင်ဒိုနီးရှားကြက်တောင်မယ် Putri Kusuma WAR -DANI ကို သုံးပွဲကစား (၁)ပွဲနိုင် (၂)ပွဲရှုံးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်ပြီး ယနေ့ ဒီဇင်ဘာ (၉)ရက်တွင် စတင်ယှဉ်ပြိုင်ကစားကြခြင်းဖြစ် သည်။ သုံးပွဲကစားသည့်အနက် ပထမပွဲစဉ်တွင် (၁၃)မှတ် (၂၁)မှတ်၊ ဒုတိယပွဲစဉ်တွင် (၂၀)မှတ်(၂၂)မှတ်ဖြင့် ရှူံးနိမ့်ခဲ့ကာ တတိ ယပွဲစဉ်တွင် (၂၁)မှတ်(၁၇)မှတ်ဖြင့်အ နိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲများဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီး...

Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ် “Nature’s 10” စာရင်းတွင် တရုတ် ပညာရှင် နှစ်ဦး ပါဝင်

တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeekကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် "ရေနက်ပိုင်း ရေငုပ်သမား" (Deep diver) ဟုခေါ်သော တရုတ် ဘူမိသိပ္ပံပညာရှင် ဒူမင်ရန် (Du Mengran) တို့သည် ၂၀၂၅ ခုနှစ်၏ အကြီးမားဆုံး သိပ္ပံဖြစ်ရပ်အချို့၏ ဗဟိုချက်တွင်ရှိခဲ့သည့် လူပုဂ္ဂိုလ် ၁၀ ဦးကို မီးမောင်းထိုးပြသော လန်ဒန်မြို့အခြေစိုက် Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ် "Nature's 10" စာရင်း အတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးသည်...

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’ ဟု ထရမ့်ဆို

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ "မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ရွေ့လျားနေတယ်" လို့ သတိပေးပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်မှာ စိုက်ပျိုးရေးလုပ်ငန်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒီဒဏ်ငွေကိစ္စကို မေးမြန်းတဲ့အခါ ထရန့်က ဘရပ်ဆဲလ်ရဲ့ ဆုံးဖြတ်ချက်ကို "မကောင်းဆိုးဝါးဆန်တယ်" လို့ ပြောဆိုခဲ့ပြီး၊ "ဥရောပက အရမ်းသတိထားရလိမ့်မယ်" လို့လဲ ဖြည့်စွက်ပြောခဲ့ပါတယ်။ သူက EU နိုင်ငံတွေ လိုက်လျှောက်နေတဲ့ လက်ရှိနိုင်ငံရေး လမ်းကြောင်းအပေါ် စိုးရိမ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071