အိန္ဒိယနိုင်ငံ၊မဏိပူရ သို့မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအားနေရပ်ပြန်ပို့ခြင်း ပထမအဆင့်ကို မေ ၂ရက် ကြာသပတေးနေ့တွင် လုပ်ဆောင် ပြီးစီးခဲ့ပြီဖြစ်သည်။
ရွှေ့ပြောင်းနေထိုင်သူ ၃၈ ဦးသည် မိုရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ပြန်သွားပြီဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် N Biren Singh က ပြောကြားခဲ့သည်။
မိုရေးသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မဏိပူရပြည်နယ်၊တန်နူပါခရိုင်ရှိ အင်ဖာမြို့၏တောင်ဘက် ကီလိုမီတာ ၁၁၀ အကွာတွင်ရှိသော နယ်ခြားမြို့ဖြစ်သည်။
ဝန်ကြီးချုပ်သည် ၄င်း၏ ဆိုရှယ်မီဒီယာ X တွင်ပုံများနှင့်အတူ “ မြန်မာ နိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၈ ဦးကိုခွဲခြားဆက်ဆံမှုမရှိဘဲ မိုရေးမှတဆင့် မြန်မာဖက်သို့ပြန်ပို့လိုက်သဖြင့် ပထမအဆင့် ပြီးမြောက်သွားပြီဖြစ်သည်။ ပထမအဆင့်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၇၇ ဦးကို မြန်မာဖက်ပြန်လည်ပို့ပေးခဲ့သည်” ဟု ရေးသားထားသည်။
ထိုလွှဲပြောင်းပေးအပ်သည့် အခမ်းအနားအတွင်း အိန္ဒိယနိုင်ငံသားတစ်ဦးကိုလည်း မြန်မာနိုင်ငံဖက်မှ ပြန်လည်ခေါ်ဆောင်လာကြောင်း Singh က အသိပေးခဲ့သည်။
ပြီးခဲ့သည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတိုက်အခံဖက်ကတရားမဝင်ရွှေ့ပြောင်းလာမူနှင့်ပတ်သက်သည့်မေးခွန်းကို ပြည်နယ်ဝန်ကြီးချုပ်က”ပြီးခဲ့သည့်နှစ် မေလ ၃ ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်အထိ ပြည်နယ်အတွင်း တရားမဝင် မြန်မာနိုင်ငံသား ၆၇၄၆ ဦး တွေ့ရှိခဲ့ကြောင်း”ဖြေကြားခဲ့သည်။
Ref:hindustantimes

