Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeNewsLocal Newsမြန်မာနိုင်ငံမှသင်တန်းသားများ စေလွှတ်ပါကကြိုဆိုသွားမည့် (FEFU)...

မြန်မာနိုင်ငံမှသင်တန်းသားများ စေလွှတ်ပါကကြိုဆိုသွားမည့် (FEFU) တက္ကသိုလ်

မြန်မာနိုင်ငံမှသင်တန်းသားများ စေလွှတ်ပါကကြိုဆိုသွားမည့်  (FEFU) တက္ကသိုလ်

ရုရှားအရှေ့ဖျား၏ လူမှုစီးပွားနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် FEFU သည်  ထိပ်တန်းသုတေသန၊ ပညာရေးနှင့် ဆန်းသစ်တီထွင်မှုစင်တာများပါဝင်ပြီး ပညာရေးဆိုင်ရာ ပရိုဂရမ်ပေါင်း ၁၅၀ ကျော်ကို ရွေးချယ်တက်​​ရောက်နိုင်သည့်တက္ကသိုလ်ဖြစ်သည်။​ကျောင်းသား သုံး​သောင်း​ကျော်ရှိရာတွင် ရုရှ၊အ​မေရိကန်၊ဥ​ရောပ၊အာရှ၊အာဖရိက တို့မှ လာ​၍တက်​ရောက်​နေ​သော ​ကျောင်းသားများဖြစ်သည်။

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့သည် စက်တင်ဘာ ၅ ရက် (ယနေ့)မွန်းလွဲပိုင်းက ရုရှားနိုင်ငံ၊ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU)အတွင်းရှိ Medical School နှင့် Medical Center တို့အား သွားရောက်လေ့လာကြည့်ရှုခဲ့သည်။

နစက ဥက္ကဋ္ဌနှင့်အဖွဲ့အား Vice President of Medical Affairs of FEFU ဖြစ်သူ Dr. Oleg I.Pak နှင့်အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြပြီး ကျောင်းခန်းမ၌ ဒေသတွင်းနှင့်နိုင်ငံတကာမှ သင်တန်းသားများအား ဘွဲ့ကြိုနှင့်ဘွဲ့လွန်ဆေးဘက်ဆိုင်ရာပညာရပ်များကို သင်ကြားလေ့ကျင့်ပေးနေမှု၊ဆေးပညာရပ်အ ပြင် ဆေးဘက်ဆိုင်ရာအထောက်အကူပြုသင် တန်းများအား စာတွေ့၊လက်တွေ့ သင်ကြားပေးလျက်ရှိမှုတို့အား ရှင်းလင်းပြသခဲ့ကြသည်။

ထို့ပြင် တိရိစ္ဆာန်များအသုံးပြု၍ သုတေသနပြုလေ့ကျင့်ခန်းများသင်ကြားပေးလျက်ရှိမှု၊Robotic & Mechanistic နည်းပညာရပ်များအသုံးပြု၍ ခွဲစိတ်ကုသမှုလေ့ကျင့်ခန်းများဆောင်ရွက်ပေးနိုင်မှု၊သင်တန်းကျောင်းနှင့်အတူ တွဲဖက်ဖွင့်လှစ်ထားသည့် ခုတင် ၂၅၀ ဆန့်ဆေး ကုသမှုစင်တာတွင် ဆောင်ရွက်ပေးလျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုတို့ရှိ​ကြောင်းလည်းသိရသည်။

နိုင်ငံအတွက်ထူးချွန်ထက်မြက်သည့် လူ သားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည် ရွယ်ချက်ဖြင့် သင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး ကျောင်းမှထွက်ပေါ်လာသည့် ထူးချွန်ကျောင်း သား၊ကျောင်းသူများအားစိစစ်၍ နည်းပြများအဖြစ် ပြန်လည်ခန့်အပ်တာဝန်ပေးလျက်ရှိကာ နိုင်ငံပေါင်း ၄၆ နိုင်ငံမှ သင်တန်းသားများအား လက်ခံသင်ကြားပေးလျက်ရှိပြီး မြန်မာနိုင်ငံမှ သင်တန်းသားများစေလွှတ်မည်ဆိုပါက ကြိုဆိုသွားမည်ဟု ရှင်းလင်းတင်ပြခဲ့ကြသည်။

နစက ဥက္ကဋ္ဌကသင်တန်းသားများ စေ လွှတ်သင်ကြားနိုင်ရေးနှင့်ပတ်သက်၍ သင်တန်းသားရွေးခြယ်မှုပုံစံများ၊အဆင့်မြင့်ဆေးပညာရပ်များ တက်ရောက်သင်ကြားနိုင်မည့် အခြေအနေများ၊သင်တန်းသားများလာ၍ တက်ရောက်မည်ဆိုပါက ရရှိနိုင်မည့်အခွင့်အလမ်းများအားမေးမြန်းဆွေးနွေးခဲ့သည်။

ထို့အတူ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း မှလည်းသင် တန်းသားများစေလွှတ်နိုင်မည့် အခြေအနေများ၊ဆေးတက္ကသိုလ်အချင်းချင်း၊ဆေးရုံအချင်းချင်း ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအားဆွေးနွေး ခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်အဖွဲ့အား Medical School အတွင်းရှိ ရောဂါအသီးသီးအလိုက်ဖြစ်ပွားမှု အခြေအနေများအား Symbol ပြသနိုင်သည့် Simulation လူနာဖြင့်လက်တွေ့သင်ခန်းစာဆောင် ရွက်နိုင်မှု၊ ECG၊ Ultra sound နည်းပညာ၊ Micro Surgical Simulator တို့ဖြင့် အသေးစိတ်ခွဲစိတ်ကုသလေ့ကျင့်ဆောင်ရွက်နိုင်မှု၊အသားစများကို နမူနာယူ၍ သုတေသနပြုမှုများ ဆောင်ရွက်လျက်ရှိသည့် Bio technology ဌာနတို့၏ ဆောင်ရွက်နေမှုတို့အားလိုက်လံပြသခဲ့သည်။

Medical Center သို့လည်းသွားရောက်ကြည့်ရူခဲ့ကြသည်။
FEFU Campus အတွင်းရှိ Medical Center သည် အကျယ်အဝန်း ၅၃၀၀၀ စတုရန်းမီတာကျယ်ဝန်းပြီး ရုရှားနိုင်ငံအနှံ့အပြားနှင့်နိုင်ငံရပ်ခြားမှ လာရောက်တာဝန်ထမ်းဆောင်သည့် ပါရဂူ၊ဆရာဝန်နှင့်ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ဝန်ထမ်း ၂၀၀ ဦးခန့်ရှိကာ FEFU Medical Center တွင် ဆေးဘက်ဆိုင်ရာဌာနကြီး ၁၄ ခုထားရှိပြီး ရောဂါအမျိုးမျိုးအား ကုသပေးလျက်ရှိကြောင်း သိရသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC ထုတ်ပြန်

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့ရာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။ ထိုသို့ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် ပြည်တွင်း/ပြည်ပမှ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသူများ၊ မဲရုံသို့ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအားအထူးကျေးဇူးတင်ပြီး မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု UEC ကအသိပေးခဲ့သည်။ ထို့ပြင် စေတနာစွမ်းအား၊ ဉာဏ်ပညာစွမ်းအား၊ ဝီရိယစွမ်းအားများဖြင့် နိုင်ငံတော်တာဝန်တစ်ရပ်အဖြစ် အား သွန်ခွန်စိုက် တာဝန်ကျေပွန်စွာပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြသည့်...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ် လစာအပြည့်အဝရရှိမည်

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌ ထိခို-က်ဒ-ဏ်ရာများရရှိခဲ့သဖြင့် Vichavej International Hospital နှင့် Mahachai 2 Hospital တို့တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံမှူးက မြန်မာအလုပ်သမားများအားတွေ့ဆုံအားပေးပြီးနောက် စက်ရုံ၏ HR Manager နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအရ ကုမ္ပဏီဘက်မှ ထိခို-က်ဒ-ဏ်ရာရသူ များအတွက်...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် ၈၆ ရက်ကြာ ကျင်းပလျက်ရှိသည်။ " လမ်းခရီးကအဆင်ပြေတယ်။ နည်းနည်းပါးပါးစစ်တာတော့ရှိတာပေါ့။ ဟိုမှာလည်း တည်းခိုရတာအဆင်ပြေတယ်။ သွားလို့ရတယ်။ အေးအေးဆေးဆေးပါပဲ" ဟု ဘုရာဖူးပြည်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ထို့ပြင်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူပြည်သူများဖြင့် စိတ်အေးချမ်းသာစွာ တည်းခိုနိုင်ရန် တည်းခိုဆောင်ခန်းပေါင်း ၅၀၀ ကျော်နှင့် ဈေးဆိုင်ခန်း ၇၀၀ ကျော်ကို မန်းချောင်းသောင်ပြင်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071