အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး) ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုသည် ယူအေအီးနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများအကျိုးစီးပွားမြှင့်တင်ရေးဝန်ကြီး H.E. Dr.Abdulrahman Abdulmannan Al Awar ၏ ဖိတ်ကြားချက်အရ မေလ (၃၀) ရက်က ဝန်ကြီး၏ ရုံးခန်းသို့ သွားရောက်တွေ့ဆုံခဲ့ ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ယူအေအီးနိုင်ငံ တို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများ တရားဝင်ခေါ်ယူရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသ ည်။
မြန်မာသံအမတ်ကြီးသည် ယင်းနေ့တွင်ပင် ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ဌာန ညွှန်ကြားရေးမှူး Ambassador Nooh Al Hammadi နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် “မိုခါ”မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လိုအပ်သည့် အကူအညီ အထောက်အပံ့များ ပေးအပ်နိုင်ရေး၊ ယူအေအီးနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။