Sunday, January 25, 2026

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့်...

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsမြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်မှသာ မိမိတို့၏...

မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်မှသာ မိမိတို့၏ အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများကိုထိန်းသိမ်းနိုင်မည်ဟု နစက ဥက္ကဋ္ဌဆို

ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ သြဂုတ် ၇ ရက်နံနက်ပိုင်းက အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်မှသာ မိမိတို့ရဲ့ အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏာတွေကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်မှာ ပါတီတွေအနေနဲ့ အယူအဆတွေ သဘောတရားတွေတူညီမှုမရှိဘဲ ကွဲလွဲနိုင်ပါတယ်၊ တိုင်းရင်းသားလူမျိုးစုအလိုက်လည်း မတူညီတဲ့လက္ခဏာတွေရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် လူပုဂ္ဂိုလ်နှင့်လူမျိုးကိုအခြေခံဆောင် ရွက်၍မရဘဲ ဒေသနှင့်အများစု၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကာ လူနည်း စု၏ သဘောထားကိုလည်း အလေး ထားရန်လိုသည်ဟု ဆိုသည်။

သို့မှသာ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု၊စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကာ မိမိတို့အနေဖြင့်လည်း ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို ကြိုးပမ်းဆောက်ရွက်သွားရမည်ဟု ဆိုသည်။

“နစက အနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာတဲ့အစိုးရကို နိုင်ငံတော်ရဲ့တာဝန်တွေလွှဲပြောင်းပေးသွားမှာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဆ န္ဒမဲပေးပိုင်ခွင့်ရရှိစေဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိနိုင်ရန်ဆောင်ရွက်ပေးနိုင်ရေးမှာ အစိုးရ၏တာဝန်ဖြစ်၍ ပြည်တွင်း/ပြည်ပမှ မဲဆန္ဒရှင်စာရင်းများကောက် ယူရာတွင် မှန်ကန်မှုရှိရေး၊ပြည့်စုံရေး၊ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့်တစ် နိုင်ငံလုံး ရာနှုန်းပြည့်ဆန္ဒမဲပေးနိုင်ရေးကို တာဝန် ရှိသူများအားလုံးက ကြိုးပမ်းဆောင်ရွက်သွားရမည်ဟု မှာကြားသည်။

“ရွေးကောက်ပွဲဆိုတာ ရာနှုန်းပြည့်ကျင်းပအောင် မြင်ဖို့ခက်ခဲပေမယ့် ပြည်သူတွေရဲ့မဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့ကို မိမိတို့က စွမ်းအားရှိသမျှလုပ်ဆောင်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့်ရွေးကောက်ပွဲမှထွက်ပေါ် လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များလွှဲအပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့် ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက်၊ မဲရုံအမှတ်(၂)တွင် တွေ့ရသည့် မဲရုံပိတ်သိမ်းကာ မဲရလာဒ်များ စတင်ရေတွက်မှုမြင်ကွင်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ ညနေ ၄နာရီအချိန်တွင် မဲပေးမှုများ ပြီးစီးကာ မဲရုံများ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၃)ကို မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင်ကျင်းပခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသ​ကြီးတွင် ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာ တောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ စမ်းချောင်း၊...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071