Thursday, January 23, 2025

ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် အတတ်ပညာများကို အမီလိုက်နိုင်ရေး...

တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေး နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းက တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို)သို့သွားရောက်ကြည့်ရှုစစ်ဆေးစဥ်...

အင်ဒို၌ဈေးဝယ်စင်တာမီးလောင်မှုကြောင့် လူ ၉ ဦး‌ေ-သဆုံးခဲ့

ဂျကာတာ၊ဇန်နဝါရီ ၂၂ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဈေးဝယ်စင်တာမီးလောင်မှုကြောင့် ‌ေ-သဆုံးသူ ၉ ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့တော်၏သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီကပြောကြားခဲ့သည်။ ဈေးဝယ်စင်တာမီးလောင်မှုအပြီး ခြောက်ရက်အကြာတွင် နောက်ဆုံး‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းအား အဆောက်အအုံ၏ ရှစ်လွှာရှိကာရာအိုခေအခန်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး...

ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာ လေ့ကျင့်ရန်...

ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုး တက်လျက်ရှိ၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်ပြီး သင်ယူထားရှိပြီးဖြစ်သည့်...

ဒေသငြိမ်းချမ်းလုံခြုံရေး အာဆီယံပူးပေါင်းဆောင်ရွက်မှု အရေးကြီး

ကွာလာလမ်ပူ၊ဇန်နဝါရီ ၂၂ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ အသက်တမျှအရေးကြီးကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးကပြောကြားခဲ့သည်။ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုအန္တရာယ်များ အပါအဝင် လက်ရှိဖြစ်ပေါ်နေသော နှင် ထပ်မံ ပေါ်ထွက်လာနေသော...
HomeNewsLocal Newsမြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်မှသာ မိမိတို့၏...

မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်မှသာ မိမိတို့၏ အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများကိုထိန်းသိမ်းနိုင်မည်ဟု နစက ဥက္ကဋ္ဌဆို

ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ သြဂုတ် ၇ ရက်နံနက်ပိုင်းက အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်မှသာ မိမိတို့ရဲ့ အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏာတွေကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်မှာ ပါတီတွေအနေနဲ့ အယူအဆတွေ သဘောတရားတွေတူညီမှုမရှိဘဲ ကွဲလွဲနိုင်ပါတယ်၊ တိုင်းရင်းသားလူမျိုးစုအလိုက်လည်း မတူညီတဲ့လက္ခဏာတွေရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် လူပုဂ္ဂိုလ်နှင့်လူမျိုးကိုအခြေခံဆောင် ရွက်၍မရဘဲ ဒေသနှင့်အများစု၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကာ လူနည်း စု၏ သဘောထားကိုလည်း အလေး ထားရန်လိုသည်ဟု ဆိုသည်။

သို့မှသာ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု၊စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကာ မိမိတို့အနေဖြင့်လည်း ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို ကြိုးပမ်းဆောက်ရွက်သွားရမည်ဟု ဆိုသည်။

“နစက အနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာတဲ့အစိုးရကို နိုင်ငံတော်ရဲ့တာဝန်တွေလွှဲပြောင်းပေးသွားမှာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဆ န္ဒမဲပေးပိုင်ခွင့်ရရှိစေဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိနိုင်ရန်ဆောင်ရွက်ပေးနိုင်ရေးမှာ အစိုးရ၏တာဝန်ဖြစ်၍ ပြည်တွင်း/ပြည်ပမှ မဲဆန္ဒရှင်စာရင်းများကောက် ယူရာတွင် မှန်ကန်မှုရှိရေး၊ပြည့်စုံရေး၊ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့်တစ် နိုင်ငံလုံး ရာနှုန်းပြည့်ဆန္ဒမဲပေးနိုင်ရေးကို တာဝန် ရှိသူများအားလုံးက ကြိုးပမ်းဆောင်ရွက်သွားရမည်ဟု မှာကြားသည်။

“ရွေးကောက်ပွဲဆိုတာ ရာနှုန်းပြည့်ကျင်းပအောင် မြင်ဖို့ခက်ခဲပေမယ့် ပြည်သူတွေရဲ့မဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့ကို မိမိတို့က စွမ်းအားရှိသမျှလုပ်ဆောင်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့်ရွေးကောက်ပွဲမှထွက်ပေါ် လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များလွှဲအပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် အတတ်ပညာများကို အမီလိုက်နိုင်ရေး ဆောင်ရွက်ရမည်

တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေး နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းက တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို)သို့သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး မိမိတို့ရုပ်သံထုတ်လွှင့်မှုများ တိုးတက်စေရေးဆောင်ရွက်ရန်၊ Professional ဖြစ်ရန်နှင့် မိမိတို့၏ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်လိုသည်ဟု ပြောသည်။ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ အနေဖြင့် ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အခြားရုပ်သံလွှင့်ဌာနများ၏ ရိုက်ကူးထုတ်လွှင့်မှုများကို ကြည့်ရှုလေ့လာ၍ မိမိတို့၏ ရုပ်သံထုတ်လွှင့်မှုများကို တိုးတက်အောင်ဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။ “ယခုခေတ်ဟာ နည်းပညာခေတ်၊ AI ခေတ်ကိုရောက်ရှိနေတာဖြစ်လို့...

အင်ဒို၌ဈေးဝယ်စင်တာမီးလောင်မှုကြောင့် လူ ၉ ဦး‌ေ-သဆုံးခဲ့

ဂျကာတာ၊ဇန်နဝါရီ ၂၂ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဈေးဝယ်စင်တာမီးလောင်မှုကြောင့် ‌ေ-သဆုံးသူ ၉ ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့တော်၏သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီကပြောကြားခဲ့သည်။ ဈေးဝယ်စင်တာမီးလောင်မှုအပြီး ခြောက်ရက်အကြာတွင် နောက်ဆုံး‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းအား အဆောက်အအုံ၏ ရှစ်လွှာရှိကာရာအိုခေအခန်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ‌ေ-သဆုံးသူ ၉ ဦးအထိမြင့်တက်လာခြင်းလည်းဖြစ်သည်။ နောက်ဆုံးတွေ့ရှိသည့်‌ေ-သဆုံးသူအား မည်သူမည်ဝါဖော်ထုတ်နိုင်ရေးအတွက် ကျန်‌ေ-သဆုံးသူများနည်းတူ ရဲဆေးရုံသို့ပို့ဆောင်ထားသည်ဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ လူနေထူထပ်သည့် တာမန်ဆရီခရိုင်ခွဲရှိ Glodock ပလာဇာ၌ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က မီးလောင်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ချိန်၌ ပလာဇာထဲတွင် ဈေးဝယ်သူအများအပြားရှိနေကြကာ မီးလောင်ကျွမ်းမှုသည် အဆောက်အအုံ၏ခုနစ်ထပ်နှင့်ရှစ်ထပ်တို့မှစတင်ခြင်းဖြစ်သည်ဟုယူဆကြပြီး သောကြာနေ့မှ မီးကိုအပြီးသတ်ငြှိမ်းနိုင်ခဲ့သည်ဟုလည်းဆိုသည်။ ‌ေ-သဆုံးသူများသည် မည်သူမည်ဝါ ဖြစ်သည်ဟု အတည်ပြုနိုင်ရန် အချိန်အတန်ကြာယူရဦးမည်ဟုလည်း ရဲတပ်ဖွဲ့ကပြောကြားကာ မီးလောင်ရသည့်အကြောင်းအရင်းကို...

ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာ လေ့ကျင့်ရန် တပ်ချုပ်မှာကြား

ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုး တက်လျက်ရှိ၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်ပြီး သင်ယူထားရှိပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် အတတ်ပညာများကို ပိုမိုကျွမ်းကျင်အောင် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇန်နဝါရီ ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ၌ သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးနေမှုအား ၎င်းမှ ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ချမှတ်ထားရှိသည့်စည်းမျဉ်းစည်းကမ်းများအတိုင်း အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ပြီး စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံမည်ဆိုပါက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071