မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးမင်းမင်းမှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ကျင်းပသည့် အိန္ဒိယ-နိုင်ငံတကာ ဆန်စပါးညီလာခံတွင် ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ်တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ညီလာခံအား အိန္ဒိယဆန်တင်ပို့သူများအဖွဲ့ချုပ်(IREF)နှင့် စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်တင်ပို့မှုမြှင့်တင်ရေးအာဏာပိုင်အဖွဲ့(APEDA)တို့က ဦး စီး၍ အောက်တိုဘာ ၃၀ ရက်နှင့် ၃၁ ရက်တို့ကကျင်းပခဲ့ခြင်းဖြစ်သည်။
ဒု-ဝန်ကြီးမှ ဒေသတွင်းစားနပ်ရိက္ခာဖူလုံမှုရှိစေရေးအ တွက် ဆန်၊ စပါး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများကိုပြောကြားခဲ့ပြီး BIRC 2025 အခမ်းအနားနှင့်အတူ ကုန်စည်ပြပွဲတွင်လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မြန်မာပြခန်းကိုပါဝင်ပြသခဲ့သည်။
ထို့ပြင် ဒု-ဝန်ကြီးနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးဇော်ဦးတို့သည် အောက်တိုဘာ ၃၁ ရက်က အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ၊ အစားအသောက်နှင့်ဖြန့် ဖြူးရေးဝန်ကြီးဌာနမှ Minister of State ဖြစ်သူ Shri B.L. Verma နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံကြား ပဲမျိုးစုံတင်ပို့မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
