Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsLocal Newsမြန်မာနိုင်ငံတွင် ပထမဦးဆုံးအဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနဖြစ်သော...

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနဖြစ်သော Judicial College အဆောက်အဦသစ်ဖွင့်လှစ်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်ထောင် စုတရားလွှတ်တော်ချုပ်၏ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနဖြစ်သော Judicial College အဆောက်အဦသစ်အား ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Judicial College အဆောက်အဦသစ်အား နစက ဥက္ကဋ္ဌ(ကိုယ်စား) နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Judicial College အဆောက်အဦသစ်ကြီးကို စတင်ဖွင့်လှစ်နိုင်သဖြင့် တရားစီရင်ရေးမဏ္ဍိုင်အတွက်သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်ရပြီး နိုင်ငံများကြားတရားစီရင်ရေးဖလှယ်မှုအစီအစဉ်(Judicial Exchange Programme)သည် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုဖြစ်ထွန်းစေရုံသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်ပါ အာမခံချက်ပေးနိုင်သည့် အခွင့်အလမ်းဖြစ်၍ နိုင်ငံအတွက် အရေးပါအရာရောက်သည့်နေရာတစ်ခုဖြစ်သည်ဟု အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

ထို့ပြင် Judicial College အား နိုင်ငံတော်ငွေ ကုန်ကျစရိတ်များစွာဖြင့် တည်ဆောက်ပေးထားခြင်းဖြစ်၍ ပြည်ပသင်တန်းသားများအပြင် မြန်မာနိုင်ငံမှ တရားသူကြီးအသစ်များ၊ အလယ်အလတ်အဆင့်တရားသူကြီးများ၊ အဆင့်မြင့်တရားသူကြီးများအတွက်လည်း လေ့လာသင်ယူဆွေးနွေးပို့ချသည့်နေရာအဖြစ် အသုံးပြုသွားမည်ဖြစ်ရာ တရားသူကြီးအသီးသီး၏ စွမ်းရည်တိုးတက်ရေးကို အကျိုးရှိရှိထိထိရောက်ရောက် အသုံးချနိုင်မည်ဟု ပြောသည်။

တရားစီရင်ရေးမဏ္ဍိုင် တိုးတက်ဖွံ့ဖြိုးစေရေးနှင့် ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းစေရန် နိုင်ငံတော်အစိုးရမှ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် တရားလွှတ်တော်(High Court)များကိုအသစ်ဆောက်လုပ်ပေးခဲ့ပြီး ခရိုင်တရားရုံး(၅)ခုကိုလည်း အသစ်ဆောက်လုပ်ပေးခဲ့ကာ တရားစီရင်ရေးကဏ္ဍအတွက်လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် တရားစီရင်ရေးတွင် တာဝန်ယူဆောင်ရွက်နေသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်ခံတရားရုံးအဆင့်ဆင့်မှ တရားသူကြီးများအနေဖြင့် “တရားစီရင်ရာတွင် အမှန်ကိုဆုံးဖြတ်ရုံမျှသာမက ထိုသို့အမှန်တရားကိုစီရင်ကြောင်း အများမြင်စေရာသည်”ဆိုသော အသားကျနေသည့် စီရင်ထုံးလမ်းညွှန်ချက်အ တိုင်းဖြစ်စေရန်၊ တရားသူကြီးများသည် အမှန်တရားကို ချစ်မြတ်နိုးရန်၊ နိုင်ငံအတွက် အများပြည်သူအတွက် စိတ်ကောင်းစေတနာထားရန်၊ အရည်အချင်းရှိသည့် တရားသူကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်တက်ရောက်လာကြသူများက Judicial College အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို အမျိုးသမီးဇာတ်ဆောင်ဆု ရမည်ဟု ခန့်မှန်းနေကြ

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားသည် နှစ်ပေါင်းများစွာ မကျွတ်မလွတ်ဘဲရှိနေသည့် အငြိမ့်မင်းသမီး ဝိဉာဉ်အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကား၏ အဓိကသရုပ်ဆောင်ဖြစ်သည့်မေမီကိုကိုသည် ကိုလိုနီခေတ် ဘိလိပ်ပြန်ပညာတတ်သူဌေးသမီး မြစမ်းကြည် ကာရိုက်တာဖြင့် သရုပ်ဆောင်ထားခြင်းဖြစ်သည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ယခင်ဇာတ်လမ်းတွဲကို ဇာတ်လမ်း ကိုဆက်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံ၌...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ မကြာမီ အချိန်အတွင်း ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအနက်မှ ဆန်ကာတင် ဇာတ်ကား (၁၈) ကားထဲမှ ထူးချွန်ဆု...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း” လား

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား (၁၈) ကားထဲတွင် အကယ်ဒမီ မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကား (၂) ကားပါဝင်နေသည်။ "ဘိုးတော်ကင်း" နှင့် " နို့ထမင်း" ရုပ်ရှင်းဇာတ်ကား (၂) ကားတွင် အဓိက ဇာတ်ကောင်နေရာမှ ပါဝင်ထားသည့် မြင့်မြတ် ၏ သရုပ်ဆောင်ပီပြင်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွက်အကောင်းဆုံး ဇာတ်ကောင် အကယ်ဒမီဆု ရရှိမည်ဟု ထင်ကြေးပေးခံရသူများထဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071