မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ် နှံမှုများတိုးချဲ့ရန်စိတ်ဝင်စားသည်ဟု ကိုရီးယားနိုင်ငံအ ခြေစိုက် မြန်မာ- ကိုရီးယား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ Mr. Choi Shin-iL
Mr. Choi Shin-iL မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒု-ဥက္ကဋ္ဌ ဒေါက်တာဝါဝါမောင်နှင့် အောက်တိုဘာ ၂၉ ရက်ညနေပိုင်းကတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ ၌ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန်၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရရှိမည့်အကျိုးကျေးဇူးများနှင့် ဥပဒေ၊ နည်းဥပဒေအရ ကူညီပံ့ပိုးပေးမည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းစဉ်များကို စိတ်ဝင်စားလျက်ရှိသည်ဟု Mr. Choi Shin-iL ကပြောသည်။
ထို့အတူ ဝန်ကြီးဒေါက်တာဝါဝါမောင်မှလည်း မြန်မာ နိုင်ငံသို့စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းတံတား၊ လျှပ်စစ်မီးစသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုး တက်ရေးကဏ္ဍများတွင် ကိုရီးယားနိုင်ငံမှ ODA ချေး ငွေနှင့်အကူအညီအထောက်အပံ့များရရှိခဲ့ကာ ကိုရီးယားနိုင်ငံ၏ ဆယ်မားအူးလ်အွန်ဒုန်စံပြကျေးရွာဖွံ့ဖြိုးမှုစီမံကိန်းသည် မြန်မာနိုင်ငံအတွက် လိုက်ပါဆောင် ရွက်နိုင်သည့် ပုံစံကောင်းတစ်ခုဖြစ်ခဲ့သည်ဟု ဆပြာသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့်(၆)နှင့် ကုန်သွယ်မှုတွင် အဆင့်(၉)ရှိပြီး ရင်း နှီးမြှုပ်နှံမှုဆိုင်ရာများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပ ဒေ၊ နည်းဥပဒေများနှင့်အညီ ကူညီပေးသွားမည်ဖြစ်ကာ ကိုရီးယားနိုင်ငံ၏ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုအ သစ်များကိုလည်းဖိတ်ခေါ်သည်ဟု ဝန်ကြီးဒေါက်တာဝါဝါမောင်က ပြောကြားပြီးနောက် ၎င်းတို့နှစ်ဦးသည် မကြာမီကာလအတွင်း ကိုရီးယားနိုင်ငံမှဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ မြန်မာ-ကိုရီးယား စီးပွားရေးနှင့် လုံခြုံရေးဆိုင် ရာသုတေသနအဖွဲ့အစည်းတွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်း၊ Digital X-Ray Detector ထုတ် လုပ်သည့်လုပ်ငန်း၊ စက်ရုံးသုံးပန်ကာများထုတ်လုပ်သည့်လုပ်ငန်း၊ ဗို့အားမြှင့်ပါဝါ ဝိုင်ယာကြိုးထုတ်လုပ်သည့်လုပ်ငန်း၊ ဆက်သွယ်ရေးကိရိယာနှင့် ကွန်ရက်ပ စ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ Screen-Golf လုပ်ငန်းနှင့် ဘိလပ်မြေထုတ်လုပ်သည့်လုပ်ငန်းများပါဝင်သည်။
