ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် မြန်မာနိုင်ငံ ၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ထံသို့ ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် အပါအဝင် အခြားနိုင်ငံ့ခေါင်းဆောင်များ၊ အကြီးအကဲများက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။
ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ၌ မိမိတို့၏ လက်တွဲကြိုးပမ်းမှုများဖြင့် နှစ်နိုင်ငံကြား ကဏ္ဍစုံတွင်အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက် လက်စဉ်ဆက်မပြတ်ပြုလုပ်၍ နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းစေရေး၊ အာရှ-ပစိဖိတ် ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေး၊ ခိုင်မာစေရေးတို့အတွက် ဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း ရေးသားဖော်ပြထားသည်။
ထို့ပြင် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ် လွှာတွင်လည်း ၂၀၂၅ ခုနှစ်ကာလအတွင်း ဘယ်လာရုစ်-မြန်မာဆက်ဆံရေး အရှိန်အဟုန်မြှင့်တင်ခဲ့ခြင်း သည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ ဦးစား ပေးတိုးမြှင့်ခြင်းကိုအလေးထားဖော်ပြလျက်ရှိကာ ယခုနှစ်အတွက် မိမိတို့၏ ဘုံရည်မှန်းချက်မှာ နှစ်နိုင်ငံခေါင်းဆောင်များ၏ ခရီးစဉ်များ၊ အခမ်းအနားများတွင် နှစ်ဖက်သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်ပါအ ချက်များကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေး ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။
ရုရှားနိုင်ငံသမ္မတ၊ ဘယ်လာရုစ်နိုင်ငံသမ္မတတို့နည်းတူ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၊ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ဒေသအစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ၊ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ဒေသအုပ်ချုပ်ရေးမှူး၊ ဥဇဘတ်ကစ္စတန်နိုင်ငံသမ္မတ၊ ကာဇက်စတန်နိုင်ငံသမ္မတ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အထက် လွှတ်တော် ဥက္ကဋ္ဌ၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံသမ္မတ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်တို့မှလည်း ဝမ်းမြောက်ကြောင်း သဝဏ် လွှာများပေးပို့ခဲ့ကြသည်။
ထို့အတူ ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကြားဖြတ်အစိုးရအဖွဲ့၏ နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်၊ ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၊ လာအိုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၊ ဥဇဘတ်ကစ္စတန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့မှလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြသည်။
အဆိုပါ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများအား နိုင် ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေတို့ထံသို့ အသီးသီးပေးပို့ခဲ့ကြခြင်းဖြစ် သည်။
