မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းကကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၃၄) ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကိုတက်ရောက်ခဲ့သည်။
အဆိုပါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၃၄) ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းတို့ကမိန့်ခွန်းများပြောကြားခဲ့ကြသည်။
ထို့နောက် နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်ကဖတ်ကြားတင်ပြခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအခြေစိုက်နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ပြည်တွင်း/ပြည်ပမှ စီးပွားရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများတက်ရောက်ခဲ့ကြသည်။
