မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၀၂၆ ခုနှစ် အာရှဖလားခြေစစ် ပွဲ ယူ-၁၇ အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စု(G)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာအမျိုးသား ယူ-၁၇ ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၁,၀၀၀)ပေးအပ်ခဲ့သည်။
မြန်မာအမျိုးသား ယူ-၁၇ ဘောလုံးအသင်းသည် ယနေ့ နိုဝင်ဘာ ၃၀ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ဆီးရီးယားအသင်းနှင့်ယှဥ်ပြိုင်ကစားပြီးနောက် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သော်လည်း အာရှဖလားခြေစစ်ပွဲကိုအောင်မြင်ခဲ့သည်။
