မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံသမ္မတ Η.Ε. Mr. Aleksandr LUKASHENKO တို့သည် ယနေ့ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်၏ သံတမန်ဆောင်ဧည့်ခန်းမ၌တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
