မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဗီယက်နမ်-မြန်မာချစ်ကြည် ရေးအသင်းဥက္ကဋ္ဌ Mr. Chu Cong Phung ဦးဆောင်သည့်အဖွဲ့မှ ယနေ့ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းကဂါရဝပြုတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင် ရွက်ရေး၊ မြန်မာနိုင်ငံ၌ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ချိန်အတွင်း ဗီယက်နမ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးခဲ့မှုများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိမှု၊ နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များဖိတ်ခေါ်ထားရှိမှု၊ စိုက်ပျိုးမွေးမြူးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်လမှုလုပ်ငန်းနှင့် ခရီးသွားကဏ္ဍတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ယာယီသမ္မတနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ် ချုပ်ကြီးရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးနှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကိုကိုကျော်၊ ဗီယက်နမ်- မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အတူ ကိုယ်စား လှယ်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
