မြန်မာ-ရုရှားနှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်ဆွေးနွေး
မြန်မာ-ရုရှားနှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev တို့ ယနေ့ အောက်တိုဘာ ၁၄ ရက်မွန်းလွဲပိုင်းကတွေ့ဆုံစဥ် ဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေ၊ စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နည်းပညာကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူငယ်ကဏ္ဍ၊ ဆောက်လုပ်ရေးနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ယာယီသမ္မတနှင့်အတူ ကော်မရှင်အတွင်း ရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာသက်ခိုင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကိုကိုကျော် နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ထို့ပြင် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက် ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရု ရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander AZIZOV နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။
