(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့ အောက်တိုဘာ ၁၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပရာ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။
ယာယီသမ္မတမှ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီးနောက် ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ထို့နောက် ယာယီသမ္မတမှ တိုင်းနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာနှင့် ကျေးလက်ရိုးရာယဥ်ကျေးမှုအဖွဲ့(၁၄)ဖွဲ့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကာ တာဝန်ရှိသူများမှလည်း အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီးနောက် ယာယီသမ္မတမှ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
