အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တို့သည် ယနေ့ ဇွန် ၁ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Hyderabad House တွင်တွေ့ဆုံကာ နှစ်နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သည်။
အိန္ဒိယနှင့်မြန်မာနိုင်ငံသည်ပထဝီဝင်အရ နယ်နိမိတ်ချင်း ထိစပ်နေရုံတင်မကဘဲ ရာစုနှစ်ပေါင်းများစွာကတည်းက သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ စိတ်ဓာတ်ရေးရာအရ အလွန်နက်ရှိုင်းတဲ့ အပြန်အလှန် ချိတ်ဆက်မှုရှိသောနိုင်ငံများသည်။
လူမှုရေးစံနှုန်းတွင်လည်း အာရှတိုက်သားအချင်းချင်း ဆင်တူကြသည်များရှိသည်။
မိသားစုအသိုက်အဝန်း ကို တန်ဖိုးထားကြခြင်း၊အနုမောဒနာပြုခြင်းနှင့်ကျေးဇူးဆပ်ခြင်းအစဉ်အလာ၊ ဧည့်ဝတ်ပျူငှါမှုများတူကြသည်။
အိန္ဒိယရဲ့ မီးထွန်းပွဲတော် ဒေပဝါလီ နှင့် မြန်မာ့ သီတင်းကျွတ်/တန်ဆောင်တိုင် ပွဲတော်၊ဟိုလီ ရေပက်ကစားတဲ့ ပွဲတော်နှင့် သင်္ကြန် ဆင်တူကြသည်။
နှစ်နိုင်ငံလုံးသည်ဗြိတိသျှကိုလိုနီလက်အောက်မှတစ်ချိန်တည်း (၁၉၄၇ စက်တင်ဘာနှင့် ၁၉၄၈ ဇန်နဝါရီ) တွင်လွတ်လပ်ရေး ရခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ဘက်မလိုက်ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒ (Panchsheel) ကို အိန္ဒိယဝန်ကြီးချုပ် နေရူးနဲ့ မြန်မာဝန်ကြီးချုပ် ဦးနုတို့ ပူးတွဲ စတင်ဖော်ဆောင်ခဲ့ကြပါတယ်။
ပထဝီနိုင်ငံရေးအရ သွေးခွဲမရသည့် မိတ်ဖက်များဖြစ်ခြင်း၊ တူညီသောယဉ်ကျေးမှုအရင်းအမြစ်များရှိခြင်းတို့ကြောင့် အနာဂတ် ဒစ်ဂျစ်တယ်စီးပွါးရေးနှင့်ကုန်သွယ်ရေးကိုလည်း အပြန်အလှန် ယုံကြည်မှု အခြေခံနဲ့ တည်ဆောက်သွားနိုင်မည်ဟုမျှော်လင့်ရသည်။
