(Unicode)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅သန်း ယနေ့ထုတ်ရောင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့်အမေရိကန်ဒေါ်လာ ၁၅,၀၀၀,၀၀၀အား ယနေ့ ဒီဇင်ဘာ၃၀ရက်တွင် ရောင်းချခဲ့သည်။
အမေရိကန်ဒေါ်လာ ၁၅,၀၀၀,၀၀၀ ကို ရောင်းချခဲ့ရာတွင် လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁,၇၇၈.၀ ကျပ် ဖြစ်သည်ဟုသိရသည်။
ယနေ့ ဒီဇင်ဘာ၃၀ရက် အမေရိကန်ဒေါ်လာ ၁၅သန်းရောင်းချမှုမှာ ဒီဇင်ဘာလအတွက် ၈ ကြိမ်မြောက်ရောင်းချမှုဖြစ်သည်။
ဒီဇင်ဘာ၂၉ ရက်က ၁၅သန်း၊ဒီဇင်ဘာ၂၃ရက်က ၁၅သန်း၊ဒီဇင်ဘာ၂၂ရက်က ၁၅သန်း၊ဒီဇင်ဘာ၁၇ရက်က ၁၅သန်း၊ဒီဇင်ဘာ၁၅. ရက်က.၁၅ သန်း၊ဒီဇင်ဘာ၉. ရက်က၁၃သန်း သန်း၊ဒီဇင်ဘာ၃ ရက်က၁၅ သန်းရောင်းချခဲ့ပြီးဖြစ်သည်။
ယခုတစ်ခေါက်ရောင်းချမှုပါဆိုလျှင် ဒီဇင်ဘာလ အတွင်း အမေရိကန်ဒေါ်လာ ၁၁၈ သန်းအထိ ရောင်းချထားပြီးဖြစ်သည်။
(Zawgyi)