Wednesday, April 23, 2025

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို အလေးထားကြောင်း...

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှ င့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိကြောင်း...

နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါကကန်နှင့်သဘောတူညီရန်အီရန်အဆင်သင့်

တေရန်၊ဧပြီ ၂၁ နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါက အမေရိကနှင့်သဘောတူညီချက်ရရှိ‌ရေးအတွက် အဆင်သင့်ရှိကြောင်း အီရန်သမ္မတကပြောကြားခဲ့သည်ဟုသိရသည်။ “အမေရိကနဲ့စေ့စပ်ညှိနှိုင်းမှုက အဓိပ္ပာယ်သတ်မှတ်ထားတဲ့မူဘောင်တစ်ခုအတွင်းမှာ ရှိပြီး ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားကိုပါ လေးစားကာကွယ်ပေးမယ်ဆိုရင် သဘောတူညီချက်အတွက် အဆင်သင့်ရှိပါတယ်” ဟုလည်းသူက ပြောကြားခဲ့သည်။ သို့သော်အမေရိကန်ကိုယ်စားလှယ်များအနေဖြင့်...

ဧပြီ ၂၅ ရက်မှ ၂၇...

လာမည့် ဧပြီ ၂၅ ရက်မှ ဧပြီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှဧပြီ ၂၂ ရက်ကအသိပေးခဲ့သည်။ ရန်ကုန်တိုင်း(မြောက်ပိုင်း)၊...

စက်သုံးဆီဖြန့်ဖြူးမှု ပုံမှန်အခြေအနေတိုင်းရှိ၊ အရန်ဆီ(၂)ပတ်စာခန့်သိုလှောင်ထား

ငလျင်ဘေးသင့်ဒေသများတွင် စက်သုံးဆီဖြန့်ဖြူးမှု ပုံမှန်အခြေအနေသို့ရောက်ရှိနေပြီဖြစ်ကာ နိုင်ငံတစ်ဝှမ်း၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် အရန်ဆီများအား (၂)ပတ်စာခန့်သိုလှောင်ထားကြောင်း သိရသည်။ အလားတူ အရောင်းဆိုင်များတွင်လည်း စက်သုံးဆီပြတ်လပ်မှုမရှိစေရန်စီမံဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီစျေးနှုန်းများမှာ ကျပ်(၂၀၀)မှ ကျပ်(၃၀၀)ခန့်အထိကျဆင်းလျက်ရှိကြောင်း...
HomeNewsLocal Newsမြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နှင့်...

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နှင့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးမှု ဘန်ကောက်တွင်ပြုလုပ်

အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်အပေါ် မြန်မာ နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်အပါအဝင် မြန်မာ့အရေးအ လွတ်သဘော တွေ့ဆုံဆွေးနွေးမှုကို ထိုင်းနိုင်ငံ ဘန်ကော က်မြို့တွင် ဒီဇင်ဘာလ (၂၂) ရက်၌ ပြုလုပ်ခဲ့ကြော င်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် အာဆီယံအထူးကိုယ်စားလှယ် မစ္စ တာပရပ်ဆိုးခွန် ဦးဆောင် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုဝ်ကြီး ဦးကံဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အား အကောင်အထည်ဖော်ရာ တွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ ၊ အာဆီယံ၏ သဘောထား ဆုံးဖြတ်ချက်များအပေါ် မြန် မာနိုင်ငံ၏ ရပ်တည်ချက်များနှင့် ပတ်သက်၍ အလွတ် သဘော ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသ ည်။

ယင်း အလွတ်သဘောတွေ့ဆုံမှုကို ထိုင်းနိုင်ငံ ဒုတိယဝန် ကြီးချုပ်က ကမကထ ပြုလုပ်ကာ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဖိတိကြားထားသည့်အထဲမှ မလေးရှားနိုင်ငံက ကိုယ်စား လှယ်များ တက်ရောက်ခဲ့‌ခြင်း မရှိကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် လ က်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ထိုင်း – မြန်မာ နှစ်နိုင်ငံ စီးပွားရေး၊ နိုင်ငံရေး ၊ လူမှုရေး ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်မှု အခြေအ နေနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသ ည်။

မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲသို လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံးဆေးကိုမာဆစ်နှင့် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ တာ ဒိုဟုန်ဗီယက်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို အလေးထားကြောင်း တရုတ်ပြော

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှ င့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော ရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောသည်။ ဧပြီ (၂၂) ရက် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရှမ်းနယ်ပြည်မြောက်ပိုင်း အခြေအနေနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်မှုအပေါ် ၎င်းက ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအ‌နဖြင့် ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ (ရှမ်း/မြောက်) စစ်ပွဲများ ရပ်တန့်ရန်အတွက်လည်း...

နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါကကန်နှင့်သဘောတူညီရန်အီရန်အဆင်သင့်

တေရန်၊ဧပြီ ၂၁ နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါက အမေရိကနှင့်သဘောတူညီချက်ရရှိ‌ရေးအတွက် အဆင်သင့်ရှိကြောင်း အီရန်သမ္မတကပြောကြားခဲ့သည်ဟုသိရသည်။ “အမေရိကနဲ့စေ့စပ်ညှိနှိုင်းမှုက အဓိပ္ပာယ်သတ်မှတ်ထားတဲ့မူဘောင်တစ်ခုအတွင်းမှာ ရှိပြီး ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားကိုပါ လေးစားကာကွယ်ပေးမယ်ဆိုရင် သဘောတူညီချက်အတွက် အဆင်သင့်ရှိပါတယ်” ဟုလည်းသူက ပြောကြားခဲ့သည်။ သို့သော်အမေရိကန်ကိုယ်စားလှယ်များအနေဖြင့် တန်းတူညီမျှသည့် ညှိနှိုင်းဆွေးနွေးခြင်းမျိုးကိုမလုပ်ပါက မိမိတို့သွားနေသည့်လမ်းကြောင်းအတိုင်းသာ ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု အီရန်သမ္မတက ပြောကြားခဲ့သည်။ ဆက်လက်၍လည်း တေရန်အနေဖြင့် ပဋိပက္ခကို ရှာနေခြင်းမဟုတ်ဘဲ အကျပ်ကိုင်မှုများကို တွန်းလှန်လိုခြင်းသာဖြစ်သည်ဟုလည်းဆိုသည်။ “ကျွန်တော်တို့အနေနဲ့ ဘယ်သူနဲ့မှလဲ ထိပ်တိုက်မတွေ့ချင်ပါဘူး၊ဒီလိုပြောပေမဲ့ ဖိအားပေးတာ၊ ဒါမှမဟုတ်အနိုင်ကျင့်တာမျိုး‌တွေကိုတော့လည်း ငြိမ်ခံနေမှာမဟုတ်ပါဘူး” ဟု သူက ဆိုသည်။ ကန်သမ္မတကမူ အီရန်နှင့်ပထမအကြိမ်ဆွေးနွေးမှုတွင် ရလဒ်ကောင်းများရှိသည်ဟုပြောကြားခဲ့ပြီး နောက်တစ်ဆင့်အတွက်မှာမူ အချိန်အနည်းငယ်လိုနေသေးသည်ဟုဆိုခဲ့သကဲ့သို့ အီရန်ဘက်ကလဲ ၎င်းတို့အနေဖြင့်...

ဧပြီ ၂၅ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်

လာမည့် ဧပြီ ၂၅ ရက်မှ ဧပြီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှဧပြီ ၂၂ ရက်ကအသိပေးခဲ့သည်။ ရန်ကုန်တိုင်း(မြောက်ပိုင်း)၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း(မြောက်ပိုင်း)တို့တွင် ဧပြီ လ၏ ပုံမှန်နေ့အပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်မှ ၃ ဒီဂရီဆဲလ်စီးယပ်အထိ(အနည်းငယ်)မြင့်တက်လာနိုင်သည်ဟု အသိပေးခဲ့သည်။ ထို့ပြင် စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း(အနောက်ပိုင်း)တို့အတွင်းရှိ ဒေသအချို့တွင်လည်း ဧပြီလ၏ ပုံမှန်နေ့အပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ (သိသိသာသာ)တိုးမြင့်လာနိုင်သည်ဟုလည်း အသိပေးခဲ့သည်။ ထို့ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071