မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် AFC U17 Wome n’s Asian Cup (Qualifiers) China 2026 အာရှ ယူ – ၁၇ အမျိုးသမီးခြေစစ်ပွဲများကို အောက်တိုဘာလ (၁၃)ရက်မှ (၁၇) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲစဉ်များအရ အောက်တိုဘာ (၁၃)ရက်၌ မကာအိုအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ အောက်တိုဘာ (၁၅)ရက်တွင် မြန် မာနှင့် မကာအိုအသင်း၊ အောက်တိုဘာ (၁၇) ရက်တွင် မြန် မာနှင့် အင်ဒိုနီးရှားအသင်းတို့ အသီးသီးယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲစဉ်များအတွက် လက်မှတ်များ စတင်ရောင်းချပေးနေပြီး လက်မှတ်စျေးနှုန်း များအနေဖြင့် အထူးတန်း (၅၀၀၀) ကျ ပ်၊ ရိုးရိုးတန်း (၂၀၀၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်းအနေဖြင့် နေ့ကျင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကာ အသင်းကို ဂျပန်လူမျိုးအမျိုးသမီး Ms. Kumiko Tashiro က နည်းပြချုပ်အ ဖြစ်တာဝန်ယူ ကိုင်တွက်လျက်ရှိသည်။
ပုံစာ -လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာယူ -၁၇ အမျိုးသမီးအသင်း
