(Unicode)
မြန်မာနိုင်ငံကထွက်တဲ့ ပုလဲအတွဲတွေနဲ့ကျောက် စိမ်းအတွဲတွေကို မဏိရတနာကျောက်စိမ်းခန်းမမှာ ရောင်းချသွားမည်

နေပြည်တော်က မဏိရတနာကျောက်စိမ်းခန်းမမှာ မြန်မာနိုင်ငံကထွက်တဲ့ ပုလဲအတွဲတွေနဲ့ကျောက်စိမ်းအတွဲတွေကို ဒီဇင်ဘာ ၁၇ ရက်ကနေ ၂၂ ရက်အထိ ပြသရောင်းချသွားမယ်လို မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက သိရပါတယ်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ မြန်မာ့ကျောက် မျက်ရတနာပြပွဲဗဟိုကော်မတီက ၂၀၂၁ ခုနှစ် ပုလဲအတွဲများနဲ့ကျောက်စိမ်းအတွဲများ ရောင်းချပွဲ(Mini Gems Emporium)ကိုဦးဆောင်ပြသရောင်းချပေးသွားမှာဖြစ်ပါတယ်။
ကျောက်မျက်ရတနာဝယ်ယူလိုသူတွေအနေနဲ့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနဲ့အညီ ခွင့်ပြုမိန့်ရယူပြီး ကျောက်မျက်ရတနာတွေ တူးဖော်ထုတ်လုပ်ခြင်းဆောင်ရွက်နေတဲ့ နိုင်ငံသားကျောက် မျက်ရတနာလုပ်ငန်းရှင်တွေကို သတ်မှတ်ချက်တွေနဲ့အညီ တက်ရောက်ဝယ်ယူခွင့်ပြုသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် တရားဝင်လိုင်စင်ရယူပြီး ကျောက်မျက် ရတနာအချောထည်ထုတ်လုပ်တာ ရောင်းချဝယ်ယူခြင်းတွေလုပ်ကိုင်နေကြတဲ့ နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်တွေကိုလည်း သတ်မှတ်ချက်တွေနဲ့အညီ တက်ရောက်ဝယ်ယူစေမှာဖြစ်ပါတယ်။
Photo – Nay Pyi Taw DC
(Zawgyi)
ျမန္မာႏိုင္ငံကထြက္တဲ့ ပုလဲအတြဲေတြနဲ႔ေက်ာက္ စိမ္းအတြဲေတြကို မဏိရတနာေက်ာက္စိမ္းခန္းမမွာ ေရာင္းခ်သြားမည္
ေနျပည္ေတာ္က မဏိရတနာေက်ာက္စိမ္းခန္းမမွာ ျမန္မာႏိုင္ငံကထြက္တဲ့ ပုလဲအတြဲေတြနဲ႔ေက်ာက္စိမ္းအတြဲေတြကို ဒီဇင္ဘာ ၁၇ ရက္ကေန ၂၂ ရက္အထိ ျပသေရာင္းခ်သြားမယ္လို ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲဗဟိုေကာ္မတီက သိရပါတယ္။
သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္း ေရးဝန္ႀကီးဌာနရဲ႕ ႀကီးၾကပ္မႈနဲ႔ ျမန္မာ့ေက်ာက္ မ်က္ရတနာျပပြဲဗဟိုေကာ္မတီက ၂၀၂၁ ခုႏွစ္ ပုလဲအတြဲမ်ားနဲ႔ေက်ာက္စိမ္းအတြဲမ်ား ေရာင္းခ်ပြဲ(Mini Gems Emporium)ကိုဦးေဆာင္ျပသေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။
ေက်ာက္မ်က္ရတနာဝယ္ယူလိုသူေတြအေနနဲ႔ ျမန္မာ့ေက်ာက္မ်က္ရတနာဥပေဒနဲ႔အညီ ခြင့္ျပဳမိန္႔ရယူၿပီး ေက်ာက္မ်က္ရတနာေတြ တူးေဖာ္ထုတ္လုပ္ျခင္းေဆာင္႐ြက္ေနတဲ့ ႏိုင္ငံသားေက်ာက္ မ်က္ရတနာလုပ္ငန္းရွင္ေတြကို သတ္မွတ္ခ်က္ေတြနဲ႔အညီ တက္ေရာက္ဝယ္ယူခြင့္ျပဳသြားမွာျဖစ္ပါတယ္။
ဒါ့အျပင္ တရားဝင္လိုင္စင္ရယူၿပီး ေက်ာက္မ်က္ ရတနာအေခ်ာထည္ထုတ္လုပ္တာ ေရာင္းခ်ဝယ္ယူျခင္းေတြလုပ္ကိုင္ေနၾကတဲ့ ႏိုင္ငံသားေက်ာက္မ်က္ရတနာလုပ္ငန္းရွင္ေတြကိုလည္း သတ္မွတ္ခ်က္ေတြနဲ႔အညီ တက္ေရာက္ဝယ္ယူေစမွာျဖစ္ပါတယ္။
Photo – Nay Pyi Taw DC