မြန်မာငွေ တန်ဖိုးဆက်တိုက်ကျဆင်းကာ (၁) ဒေါ်လာ ၃၇၀၀ အထိ စံချိန်တင်မြင့်တက်ကာ ရွှေဈေး (၃၂) သိန်းဝန်းကျင်အထိရောက်ရှိ
၂၀၀၁ အာဏာထိမ်းပြီးနောက်ပိုင်းတွင် မြန်မာကျပ်ငွေ တန်ဖိုး တစတစကျဆင်းလာရာမှ ယခုလပိုင်းအတွင်း စံ ချိန်တင် ကျဆင်းသွားကာ ဒေါ်လာတန်ဖိုးမှာ စံချိန်တင်မြင့်တက်သွားပြီး ရွှေဈေးနှုန်းမှာလည်း သိန်း(၃၀) ကျော်အထိ ရောက်ရှိသွားကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ (၃၀) ရက် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်သည့် ပေါက်ဈေးများအရ အမေရိကန် (၁) ဒေါ် လာလျင် မြန်မာငွေ (၃၇၀၀) ကျပ်အထိ ဈေးပေါက်နေပြီး အကယ်ဒမီ မီးလင်းရွှေ (၁) ကျပ်သားလျင် (၃၂) သိန်းဝန်းကျင်အထိ ရှိကြောင်း ပြည်တွင်း ဈေးကွက်ထံမှ သိရသည်။
အဆိုပါ ဒေါ်လာဈေးနှုန်း မြင့်မားလာခြင်းသည် တိုင်းပြ ည် ၏ စီးပွားရေး ကဏ္ဍအတွက် အထွေထွေအကြပ်အတည်းကို ပိုမိုရိုက်ခတ်နိုင်ပြီး အစိုးရအနေဖြင့် ယင်းအ ကြပ်အတည်းကို အရေးပေါ် ဖြေရှင်းရန် လိုအပ်ကြောင်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
” ခင်ဗျား ကျွန်တော်ပြောမယ်။ အခုဟာက အားလုံးဒုက္ခဖြစ်နိုင်တဲ့အခြေနေမျိုးဖြစ်လာနိုင်တယ်။ စီးပွားရေး သမားတွေ အကုန်လုံး အကြပ်ရိုက်ကုန်ပြီ။ အထူးသဖြင့် သွင်းကုန်သမားတွေ အထိနာမယ်။ အထိနာရင် သူတို့က ရပ်ကုန်မှာဗျာ။ ပြည်တွင်းမှာ ဘာအရင်းအမြစ်ရှိသလဲ။ စက်သုံးဆီ ပြည်ပက ဝယ်ရတယ်။ ဓာတ်မြေဩဇာ ပြည် ပက သွင်းရတယ်။ ဆေးဝါး ပြည်ပက သွင်းရတယ်။ တခြား ပြည်ပက သွင်းနေရတာတွေ အများကြီးပဲဗျာ။ နေ့ စဉ် သွင်းနေရတာနော်။ နေ့စဉ် သန်းနဲ့ချီ အရှုံးခံပြီး ဘယ်သူသွင်းမလဲ ။ မထိန်းချုပ်နိုင်ရင်တော့ သွားမှာပဲ” ဟု ပြ ည်တွင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။
နစက အနေဖြင့် ပို့ကုန်သွင်းကုန် ကဏ္ဍကို ထိန်းချုပ်မှုများ လုပ်ဆောင်ခဲ့ပြီး နိုင်ငံခြားငွေ ကိုင်ဆောင်မှုအပေါ် တင်းကြပ်သည့် ထိန်းချုပ်မှုများ လု ပ်ဆောင်ခဲ့ရာမှ ဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်လာခြင်း ဖြစ်သည်။
လက်ရှိတွင် ဗဟိုဘဏ်က အမေရိကန် (၁) ဒေါ်လာလျင် (၂၁၀၀) ကျပ် ရည်ညွန်းဈေး သတ် မှတ်ထားပြီး အဆိုပါ ရည်ညွှန်းဈေးနှင့် (၃) ရာခိုင်နှုန်းသာ ကွာဟရောင်းဝယ်ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
ယင်းသို့ သတ်မှတ်ထားသော်လည်း ဈေးကစားမှုများနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို ထိန်းချုပ်နိုင်ခြင်း မရှိသည့် အတွက် ဒေါ်လာဈေးနှုန်း မြင့်တက်မှုမှာ လပိုင်းအတွင်း (၁၀၀၀) ကျော်အထိ ရောက်ရှိသွားခြင်း ဖြစ်သည်။
“ဒီနေ့ ဒေါ်လာစျေးကတော့ ၃၆၀၀ ကျပ် နဲ့ ပိတ်သွားတယ်။ အချို့အလုပ်တွေက စောင့်ကြည့်ကြမည့်အ နေအထားဖြစ်နေပါတယ်။ ကျနော်တို့လိုသွင်းကုန်သမားတွေကတော့ ကိုယ့်ဖောက်သည်တွေကိုလည်း စျေးကြီးနဲ့ မနစ်နာစေချင်ဘူး။ နှစ်ဖက် မိတ်ပျက်လည်းမခံချင်တော့ ခနတော့ ရပ်ရင်း စောင့်ကြည့်လိုက်ဦးမယ်” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။
ဩဂုတ်လ (၂၉) ရက်ကလည်း ပြည်ပပို့ကုန်သမားများ ၏ လက်ထဲက ဒေါ်လာ (၁၉) သန်းကို အစိုးရထံ အမြန်ဆုံး လွှဲပြောင်းပေးဖို့ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အချိန်လွန်ကိုင်ဆောင်ထားပါက နိုင်ငံခြားငွေ စီမံခန့်ခွဲမှုစည်မျဉ်များအရ အရေးယူမည်ဟုလည်း ပြောကြားထားသည်။