ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီက မတည်ငွေရင်းပမာဏ မြန်မာငွေကျပ် သန်း (၄၀၀၀) နှင့်အမေရိကန်ဒေါ်လာ (၄) သန်းကျော်ပမာဏရှိ ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းသစ် (၅) ခုကိုခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှ သိရသည်။
ယမန်နေ့ ဧပြီ (၂၄) ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီး မြှု ပ်နှံမှု လုပ်ငန်း (၂) ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလု ပ်ငန်း (၂) ခုတို့ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ပဲအမျိုးမျိုး၊ နှမ်းနှင့်ပြောင်းကြိတ်ခွဲသန့်စင်ထုတ်ပိုးပြီး ပြည်ပတင်ပို့သည့် လုပ်ငန်း၊ CMP စနစ်နှင့်စက္ကူအိတ်အမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်း၊ CMP စနစ်နှင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်သည့်လုပ်ငန်း၊CMP စနစ်နှင့် သတို့သမီးဝတ်စုံများ ချုပ်လုပ်သည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများမှ လူဦးရေ (၁,၉၅၂) ယောက်အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။