ဒီကနေ့ အောက်တိုဘာ (၁၄)ရက်ညနေပိုင်းမှာ ယှဉ်ပြိုင်ကစားနေတဲ့ ဆီးရီးယားနဲ့ -မြန်မာ ပွဲစဉ်မှာ မြန်မာဂိုးသမား ဆန်းဆက်နိုင်ရဲ့ ဂိုးကာကွယ်မှုနဲ့အတူ ဂိုးမရှိရလဒ်နဲ့ ပထမပိုင်းပွဲချိန်ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။
ဒီကနေ့ ပွဲစဉ်မှာ နှစ်ဘက်အသင်းပြစ် ဒဏ်ဘောတွေ အသီးသီးရရှိခဲ့ကြသလို နှစ်ဘက်အသင်းရဲ့ နောက်တန်းခံစစ်တွေခိုင်မာခဖြ့တာကြောင့် ဂိုးသွင်းယူနိုင်တာမျိုးမရှိဘဲ သရေ ရလဒ်ထွက်ပေါ်နေပါတယ်။
ပွဲစဉ်ကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက လာရောက်အားပေးနေတာကိုတွေ့ရှိရပြီး ကွင်းအတွင်းအားပေးနေတဲ့ မြန်မာပရိတ်သတ်ရဲ့အင်အားကလည်း မနည်းလှပါဘူး။
ဒုတိယပိုင်းပွဲစဉ်မှာ ပြိုင်ဘက်နှစ်သင်းရဲ့ အားပြိုင်မှုဟာ ဘယ်လိုအခြေအနေရှိမယ်ဆိုတာကို တော့မြန်မာ့ပရိတ်သတ်အကြား ရင်ခုန်စရာ စောင့်စားကြည့်ရှု့ရမယ့်အခြေအနေပါ။
ဆီးရီးယား-မြန်မာ ပထမအကျော့ပွဲစဉ်မှာမြန်မာအသင်းအနေနဲ့ အချိတ်အဆက်လွဲချော်ခဲ့ပေမဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ချိတ်ဆက်မိမိ ကစားလာနိုင်တာတွေ့ရပါတယ်။
ဆီးရီးယားအသင်းဟာ မြန်မာအသင်းကို ပထမအကျော့အဝေးကွင်းပွဲစဉ်က ပထမပိုင်းပွဲချိန်မှာဘဲ (၃)ဂိုး ဒုတိယပိုင်းပွဲချိန်မှာ (၂)ဂိုးနဲ့ ပွဲပြီးဆုံးချိန်မှာ(၅)ဂိုးသွင်းယူထားနိုင်တာဖြစ်ပါတယ်။
