(Unicode)
မြန်မာကျပ်ငွေနှင့် တိုက်ရိုက်ပေးချေကုန်သွယ်မှု အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်
မြန်မာကျပ်ငွေနှင့် ၎င်းတို့နိုင်ငံသုံးငွေ တိုက်ရိုက်ပေးချေ နိုင်ရန် အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း နစကဥက္ကဌကပြောသည်။
ပြည်ပနိုင်ငံများနှင့် စီးပွားရေးကုန်သွယ်မှု မြှင့်တင်ရေးနိုင်ရေးအတွက် အလေးထား ဆောင်ရွက်နေမှု လုပ်ငန်းတစ်ရပ်ဖြစ်ကာ မကြာမီစတင်ဆေင်ရွက်နိုင်ချေရှိနေသည်ဟု နယ်စပ်ကုန်သွယ်ရေးကုန်သည်ကြီးအချို့က ပြောသည်။
“ကျနော်က တရုတ်နိုင်ငံကနေ ဆိုင်ကယ်တစ်စီးဝယ်မယ်ပေါ့။ကျသင့်ငွေကို မြန်မာပိုက်ဆံနဲ့ ရှင်းရမယ်။အရင်လို ယွမ်ငွေလဲ ပြီးမှ ဝယ်လို့ ရတဲ့ အခြေအနေမဟုတ်တော့ဘူး။နောင်ကို အဲ့လို လုပ်မယ်လို့ သိထားပါတယ်”ဟု မူဆယ်အခြေစိုက် နယ်စပ်ကုန်သည်ကြီးတစ်ဦးကပြောသည်။
၎င်းသိရှိထားသည်က ထိုသို့ဆောင်ရွက်မှုကို ဘဏ်များမှတဆင့် ဆောင်ရွက်မည်ဟု သိထားရကြောင်းပြောသည်။
“မူဆယ်မှာ ICBC (တရုတ်ဘဏ်)လာဖွင့်မယ်။အဲ့ဘဏ်နဲ့ ဆောင်ရွက်မယ်မယ်လို့ သိရပါတယ်။မြန်မာဘက်က မြန်မာ့စီးပွားရေးဘဏ်ပေါ့။အဲ့လိုလုပ်ရင် အတော်လေးအဆင်ပြေမယ်။ငွေလဲရပြုရတာတွေ သက်သာသွားမယ်”ဟု ၎င်းကပြောသည်။
နစကဘက်က ဆောင်ရွက်မည့် အချိန်ကာလကို မထုတ်ပြန်သေးပေ။
(Zawgyi)
ျမန္မာက်ပ္ေငြႏွင့္ တိုက္႐ိုက္ေပးေခ်ကုန္သြယ္မႈ အိႏၵိယ၊ ထိုင္း၊ တ႐ုတ္ႏိုင္ငံတို႔ႏွင့္ သေဘာတူလက္မွတ္ေရးထိုးၿပီးျဖစ္
ျမန္မာက်ပ္ေငြႏွင့္ ၎တို႔ႏိုင္ငံသုံးေငြ တိုက္႐ိုက္ေပးေခ် ႏိုင္ရန္ အိႏၵိယ၊ ထိုင္း၊ တ႐ုတ္ႏိုင္ငံတို႔ႏွင့္ သေဘာတူလက္မွတ္ေရးထိုးၿပီးျဖစ္ေၾကာင္း နစကဥကၠဌကေျပာသည္။
ျပည္ပႏိုင္ငံမ်ားႏွင့္ စီးပြားေရးကုန္သြယ္မႈ ျမႇင့္တင္ေရးႏိုင္ေရးအတြက္ အေလးထား ေဆာင္႐ြက္ေနမႈ လုပ္ငန္းတစ္ရပ္ျဖစ္ကာ မၾကာမီစတင္ေဆင္႐ြက္ႏိုင္ေခ်ရွိေနသည္ဟု နယ္စပ္ကုန္သြယ္ေရးကုန္သည္ႀကီးအခ်ိဳ႕က ေျပာသည္။
“က်ေနာ္က တ႐ုတ္ႏိုင္ငံကေန ဆိုင္ကယ္တစ္စီးဝယ္မယ္ေပါ့။က်သင့္ေငြကို ျမန္မာပိုက္ဆံနဲ႔ ရွင္းရမယ္။အရင္လို ယြမ္ေငြလဲ ၿပီးမွ ဝယ္လို႔ ရတဲ့ အေျခအေနမဟုတ္ေတာ့ဘူး။ေနာင္ကို အဲ့လို လုပ္မယ္လို႔ သိထားပါတယ္”ဟု မူဆယ္အေျခစိုက္ နယ္စပ္ကုန္သည္ႀကီးတစ္ဦးကေျပာသည္။
၎သိရွိထားသည္က ထိုသို႔ေဆာင္႐ြက္မႈကို ဘဏ္မ်ားမွတဆင့္ ေဆာင္႐ြက္မည္ဟု သိထားရေၾကာင္းေျပာသည္။
“မူဆယ္မွာ ICBC (တ႐ုတ္ဘဏ္)လာဖြင့္မယ္။အဲ့ဘဏ္နဲ႔ ေဆာင္႐ြက္မယ္မယ္လို႔ သိရပါတယ္။ျမန္မာဘက္က ျမန္မာ့စီးပြားေရးဘဏ္ေပါ့။အဲ့လိုလုပ္ရင္ အေတာ္ေလးအဆင္ေျပမယ္။ေငြလဲရျပဳရတာေတြ သက္သာသြားမယ္”ဟု ၎ကေျပာသည္။
နစကဘက္က ေဆာင္႐ြက္မည့္ အခ်ိန္ကာလကို မထုတ္ျပန္ေသးေပ။