ကချင်ပြည်နယ်တွင် မြို့တော်မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလျှံတားတမံ၊ ကျောက်စီမြေထိန်းနံရံများ တည်ဆောက်နေကြောင်း ကချင်ပြည်နယ်အစိုးရထံမှ သိရသည်။
တည်ဆောက်နေသည့် နေရာများသည် မြစ်ကြီးနားမြို့ ပမ္မတီး (ရေကြည်ရပ်ကွက်) အတွင်းရှိ ကြည်ချောင်းပေါက်နေရာရှိ ရေကြည်ချောင်းရေထိန်းတံခါး၊ ရှမ်းစုရပ်ကွက်အတွင်းရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်အနီး ဧရာဝတီမြစ်ကမ်းဘေးရှိ ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီ ကမ်းထိန်းလုပ်ငန်းစီမံကိန်း၊ စီတာပူရပ်ကွက် ဧရာဝတီမြစ်ဆိပ်ရှိ အင်ဂျန်းခချောင်းပေါက်နေရာတို့ ဖြစ်ကြကြောင်း သိရသည်။
အဆိုပါနေရာများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
