ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး(၃)ထပ်ဆောင်၌ အောက်တိုဘာ ၁၆ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ အခမဲ့မျက်စိစမ်းသပ်ခွဲစိ-တ်ကုသပေးခြင်းအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းအား သဲဖြူဆရာတော်ကြီးကိုအမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှု၊ အလှူရှင်များ၏လှူဒါန်းမှုဖြင့် ဒေသခံမျက်စိရောဂါဝေဒနာရှင်များအား စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိ-တ်ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အခမဲ့မျက်စိစမ်းသပ်ခွဲစိ-တ်ကုသပေးနေခြင်းအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များက ကြည့်ရှုအားပေးပြီးနောက် မျက်စိဝေဒနာရှင်များအား မုန့်နှင့် ရေသန့်ဘူများကိုကျွေးမွေးခဲ့ကြကြောင်း သိရသည်။
