မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဩဂုတ်လ (၉) ရက်ညနေ (၄) နာရီအချိန်ခန့်တွင် သက်သေများနှင့်အတူ မြစ်ကြီးနားမြို့နယ် (၂၁) မိုင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင်မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်စဉ် နမ္မတီးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ဒေါ်ထွေးပို၏ လက်ဆွဲခြင်းအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထား
သည့် ဘိန်းဖြူအလေးချိန် ၉၉၀ ဂရမ်၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉၆ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒေါ်ထွေးပို(၄၅)နှစ်အား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Photo – CCDAC