မြင့်တက်လာသည့် ကိုဗစ်ကူးစက်မှုကြောင့် ဖွင့်လှစ်ရန်စီစဉ်ထားသော နေ့ကလေးထိန်း၊ မူကြိုကျောင်းနှင့် အထူးပညာရေးကျောင်းများ ကိစ္စ ပြန်လည်ဆိုင်းငံ့လိုက်သည်ဟု နစက လူမှုဝန်ထမ်းဦးစီးဌာန ညွန်ချုပ်ဒေါက်တာစန်းစန်းအေးကပြောသည်။
“အားလုံးသိကြတဲ့ အတိုင်းပဲလေ။ မနေ့က ကိုဗစ်ကူးစက်မှုက ရာနဲ့ချီရှိခဲ့ပါတယ်။ ဒီတော့ ပြန်ဖွင့်ဖို့ စီစဉ်ထားတာကို ဆိုင်းငံ့ လိုက်ပါတယ်”ဟု ပြောသည်။
ကိုဗစ်ကြောင့် တစ်နှစ်ဆိုင်းငံ့ထားသော နေ့ကလေးထိန်း၊ မူကြိုကျောင်းနှင့် အထူးပညာရေးကျောင်းများအား နစက လူမှုဝန်ထမ်း ဦးစီးဌာနက လာမည့် ဇူလိုင်၁ရက်နေ့တွင်ပြန်ဖွင့်ရန် စီစဉ်ထားသည်။
အဆိုပါရက်တွင် ပြန်ဖွင့်မည့်ကိစ္စကို ဆိုင်းငံ့ခြင်းဖြစ်သည်ဟု နစက လူမှုဝန်ထမ်းဦးစီးဌာန ညွန်ချုပ်ဒေါက်တာစန်းစန်းအေးကရှင်းပြသည်။
“ပြန်ဖွင့်မယ့် ရက်ကိုပြန်အကြောင်းကြားပါ့မယ်”ဟု သူမကပြောသည်။