ဂျီနီဗာ၊နိုဝင်ဘာ ၂၈
ယခုလက်ရှိခေါ်ဆိုနေသော မျောက်ကျောက်(monkeypox) ဟူသောအမည်သည် လူမျိုးရေးခွဲခြားခြင်းနှင့် အရှက်ရစေသောအချက်များကို ဖြစ်စေသည်ဟု ဝေဖန်မှုများရရှိပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါအား monkeypox ဟုခေါ်ရာမှ mpox ဟုပြောင်းလဲခေါ်ဆိုမည်ဖြစ်ပြီး ကျန်အဖွဲ့အစည်းများအနေဖြင့်လည်း ယခုနာမည်ကိုသာအသုံးပြုရန် ညွှန်ကြားထားကြောင်းသိရှိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ယခုနှစ်အစောပိုင်းတွင် ရောဂါအမည်သစ်ရှာဖွေရန် အားလုံးညှိနှိုင်းမှုလုပ်ငန်းစဉ်တစ်ရပ်ကို စတင်ခဲ့ပြီးအဆိုတင်သွင်းမှုပေါင်း ၂၀၀ ကျော်ကိုလက်ခံရရှိခဲ့သည်။အမေရိကန်ကလည်း ယခုကဲ့သို့အမည်ပြောင်းလဲခြင်းအား လက်ခံကြိုဆိုခဲ့ကြောင်းသိရှိရသည်။
ယင်းနောက် အခြားရွေးချယ်စရာတစ်ခုရှိလာသည်မှာ “mpox” နှင့် “Mpox” ရွေးချယ်ရန်ဖြစ်ပြီး မျောက်နှင့်သက်ဆိုင်သော လက္ခဏာများကိုဖယ်ရှားလိုက်ခြင်းဖြင့် ယခုရောဂါအပေါ်လူများ၏ အလေးထားမှုပိုလာနိုင်သည်ဟုယူဆကာ “mpox” ဟုခေါ်ဆိုကြခြင်းဖြစ်သည်။
ယခုဗိုင်းရပ်စ်အား ၁၉၅၈ ခုနှစ်ကတည်းက ရှာဖွေတွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာပထမဆုံးမြင်ရသည့် တိရစ္ဆာန်၏အမည်ကိုအစွဲပြုလျက် မျောက်ကျောက်ဟုခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ယင်းနောက်ယခုနှစ်ပိုင်းတွင် အာဖရိကအနောက်နှင့်အလယ်ပိုင်းရှိ နိုင်ငံများတွင်ပါပျံ့နှံ့လာခဲ့သည်။
နောက်ပိုင်းတွင် mpox အများစုဖြစ်ပွားရာနေရာမဟုတ်သည့် နိုင်ငံပေါင်း ၁၀၀ ကျော်ကနေပါ ရောဂါကူးစက်မှုများရှိလာသည်ဟု အစီရင်ခံချက်များလည်းပေါ်ထွက်လာခဲ့သည်။
Source : Reuters
