Tuesday, December 16, 2025

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...
HomeCelebrities' Newsမျက်ကြည်လွှာဆိုတာ မျက်လုံးမမြင်ရတဲ့သူတွေအတွက်ဆို သိပ်ကိုအရေးကြီးပါတယ်

မျက်ကြည်လွှာဆိုတာ မျက်လုံးမမြင်ရတဲ့သူတွေအတွက်ဆို သိပ်ကိုအရေးကြီးပါတယ်

DSC_0237

ဘဝမှာ အသက်ရှင်နေရတာဘာသာရေးလုပ်ဖို့၊ ကုသိုလ်ရေးလုပ်ဖို့ အသက်ရှင်နေရတယ်လို့ပို ကတော့ ထင်ပါတယ်။ အဲဒါကြောင့်
ချစ် ပရိသတ်တွေလည်းနေ့စဉ်၊ နေ့တိုင်း ကုသိုလ်၊ ပညာတစ်ခုခုတော့ ယူပါ။ အဲဒီလိုမျိုး မှာချင်ပါတယ်…

We Love တွေနဲ့အတူ ပိုပိုက လွန်ခဲ့တဲ့ တစ်နှစ်နီးပါးလောက်က ရန်ကုန်မြို့၊ ကန်တော်ကြီး ပတ် လမ်းရှိ မျက်စိဆေးရုံမှာ မျက်ကြည် လွှာလှူဒါန်းထားခဲ့ပြီးပါပြီ။ အဲဒီနေ့ လေးကတော့ ၂ဝ၁၆ခုနှစ်၊ စက်တင် ဘာလ ၁၆ရက် နေ့ဖြစ်ပြီး မှတ်မှတ် ရရပြောရမယ်ဆိုရင် ပိုပို့အသက် ၂၆နှစ်နဲ့ ၄လပြည့်ခဲ့တဲ့နေ့ လို့ပြော ရမှာပါ။ အဲဒီနေ့လေးမှာ ပိုပိုက ပရိသတ်တွေနဲ့အတူ မျက်ကြည် လွှာလှူဒါန်းဖြစ်ခဲ့သလို သွေးလှူ ဘဏ်မှာလည်း သွေးလှူ ဒါန်းဖြစ်ခဲ့ ပါတယ်။ ငွေကြေးဥစ္စာ၊ အစား အသောက်နဲ့ မိမိတတ်နိုင် တာ တွေကိုလှူဒါန်းတာထက် မိမိရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို လှူဒါန်းခြင်းက ဒါနဥပပါရမီ မြောက်ပါတယ်။ သူမနဲ့ ပရိသတ်တွေ မျက်ကြည်လွှာလှူဒါန်းဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပိုပိုက …

DSC_0202
“လှူချင်နေခဲ့တာ ကြာပါပြီ။ မျက်ကြည်လွှာဆိုတာ မျက်လုံးမ မြင်ရတဲ့သူတွေအတွက်ဆို သိပ်ကို အရေးကြီးပါတယ်။ ပိုပို စဉ်းစား တယ်။ ပိုပိုတို့တွေ သေဆုံးသွား တဲ့အခါမှာ ပိုပိုတို့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာပိုပိုတို့ အတွက် အရေးမပါတော့ပေမယ့် တကယ်လို အပ်နေတဲ့သူတွေ အတွက်ကတော့ အရေးပါနေဦးမှာ ပါ။ အဲဒီအတွက် ပိုပိုလှူဒါန်းချင် တယ်။ ပြီးတော့ ပိုပိုက တစ်ခုခု လုပ်ပြီဆိုရင် ပရိသတ် တွေကိုပါ မျှဝေပေးချင်တယ်။ သူတို့ ကို ကိုယ် ပေးနိုင်တာက ကုသိုလ် တရားတွေပဲ ရှိတယ်လေ။ အဲဒါနဲ့ ပိုပို့အသက် ၂၆နှစ်နဲ့ ၄လပြည့်တဲ့ နေ့မှာ အမှတ် တရလေးလည်း ဖြစ်အောင် ပရိသတ် တွေ နဲ့လည်း နောင်ဘဝတွေမှာ ရေစက်ပါအောင် မျက်စိဆေးရုံမှာ မျက်ကြည်လွှာ လှူဒါန်းဖြစ်တယ်။ ပြီးတော့ ပရိသတ်တွေက သွေးလှူ ဖြစ်တယ်။ ပိုပိုက အဲဒီ တုန်းက သွေးအား နည်းနေလို့ မလှူဖြစ် ခဲ့ဘူး။ လိုက်ပြီးတော့ အားပေးဖြစ် တယ်” လို့ သူမက ပြောပြခဲ့ပါတယ်။

DSC_0233

ဆက်လက်ပြီး ပိုပိုက သူမရဲ့ အလှူအတန်းတွေ၊ ဆောင်ရွက်ဖြစ်တဲ့ ဘာသာရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးဘယ်လိုခံယူထား သလဲ ဆိုတာ အခုလိုရှင်းပြပါတယ်။

“ဘဝမှာ အသက်ရှင်နေရတာ ဘာသာရေးလုပ်ဖို့၊ ကုသိုလ်ရေးလုပ်ဖို့ အသက်ရှင်နေရတယ်လို့ ပို ကတော့ ထင်ပါတယ်။ အဲဒါကြောင့် ချစ် ပရိသတ်တွေလည်း နေ့စဉ်၊ နေ့တိုင်း ကုသိုလ်၊ ပညာတစ်ခုခုတော့ ယူပါ။ အဲဒီလိုမျိုး မှာချင်ပါတယ်။ ပြောချင် ပါတယ်။ နောက်ပြီးတော့ ကုသိုလ် လုပ်ခြင်းအားဖြင့် ကိုယ့်မှာရှိတဲ့ ပိုက်ဆံလေးတွေကနေ နည်းနည်း ပဲဖြစ်ဖြစ်၊ ကိုယ်တတ်နိုင် သလောက် လှူခြင်းအားဖြင့် ကိုယ်ကိုယ်တိုင် လည်းစိတ်ချမ်းသာ သလိုသူများ လည်းစိတ်ချမ်းသာပါတယ်။ အဲဒါ ကြောင့် ချစ်ပရိသတ်တွေလည်း ကုသိုလ်လုပ်ဖို့ ပိုပိုကတော့ တိုက် တွန်းချင်ပါတယ်။ ပြီးတော့ ဘာသာ ရေးလည်းများများ လုပ်ဖို့၊ ပဋ္ဌာန်း ရွတ်ဖို့၊ မေတ္တာသုတ် ရွတ်ဖို့ ပို တိုက်တွန်းချင်ပါတယ်။ ပိုပို ကိုယ်တိုင် လည်း ပဋ္ဌာန်း တို့၊ မေတ္တ သုတ်တို့ ရွတ်ခြင်း အားဖြင့် ကံတွေပို ကောင်း လာတယ်။ အဲဒါကြောင့် ပိုပို ကုသိုလ် ရသလိုချစ်ပရိသတ်တွေလည်း ကုသိုလ်ရအောင်လမ်းညွှန်ပေးတာ ပါ။ ချစ်ပရိသတ်တွေအားလုံးကို လည်းကျေးဇူးတင်ပါတယ်” လို့ပြော ပြခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ-မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071