Tuesday, April 22, 2025

အမေရိက,ကအာဆီယံနိုင်ငံများမှဆိုလာသွင်းကုန်များကို35ဆခွဲထိအခွန်တိုးကောက်

ထရမ့်ပ်အစိုးရအဖွဲ့သည် ၎င်း၏ နောက်ဆုံးအကောက်ခွန် စည်းကြပ်မှုတွင် အရှေ့တောင်အာရှနိုင်ငံများမှ ဆိုလာသွင်းကုန်များအပေါ် အခွန်သစ်များ ချမှတ်ခဲ့ရာ၌ အမြင့်ဆုံးသည် ၃၅၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ တရုတ်နိုင်ငံထံမှ ထောက်ပံ့မှုများကို...

လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေချပြီးနောက် ပြန်လည်ထူထောင်ရေး...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက...

ကွမ်တမ် အေအိုင်က အလွန်လျင်မြန်စွာ‌တွေးနိုင်မည်

ဧပြီ ၂၂ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ ၎င်းသည် စက်အသိဉာဏ် ၏ ကုဒ်ကို ဖေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများအတွက် မျိုးဆက်သစ်...

အမေရိကနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း–ပေတုံတန်

ဧပြီလ ၂၃ ရက်‌နေ့တွင် ပြုလုပ်မည့် ထိုင်း-အမေရိက ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ အစီအစဉ်...
HomeNewsLocal Newsမဲစာရင်းမှန်ကန်မှုရှိစေရန် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်လည်ကောက်ယူမည်

မဲစာရင်းမှန်ကန်မှုရှိစေရန် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်လည်ကောက်ယူမည်

ကျင်းပမည့်ရွေးကောက်ပွဲ၌ မဲစာရင်းမှန်ကန်မှုရှိစေရန် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကပဖေဖော်ဝါရီ ၂၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် နစက အစည်းအဝေး(၂/၂၀၂၃)တွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မဲစာရင်းသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဆောင်ရွက်သည့် မဲပေးပိုင်ခွင့်ရှိသူစာရင်း၊ရွေးကောက်ပွဲကော်မရှင်မှဆောင်ရွက်သည့် မဲစာရင်းနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မဲစာရင်းများရှိသည်ဟု ဆိုသည်။

“လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကကောက်ယူတဲ့ လူဦးရေသန်းခေါင်စာရင်းက အခြေခံစာရင်းဖြစ်တာကြောင့် ပိုပြီးတိကျမှန်ကန်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အနည်းဆုံး ၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူခြင်းသည် မဖြစ်မနေဆောင်ရွက်သင့်သည့် နိုင်ငံတကာစံနှုန်းဖြစ်ကာ

၂၀၁၉ ခုနှစ်တွင် ခန့်မှန်းလူဦးရေတွက်ချက်မှု အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့ခြင်းဖြစ်၍ ဆယ်နှစ်နီးပါးကြာမြင့်ပြီဖြစ်ကာ အချို့အချက်များအား ပြန်လည်အတည်ပြုရန်လိုအပ်သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု ဆိုသည်။

“၂၀၂၀/၂၀၂၁/၂၀၂၂ ခုနှစ်တွေမှာ ကိုဗစ်(၁၉) ရောဂါကြောင့် သွားလာမှုခက်ခဲတာနဲ့သေဆုံးမှုတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ၊ နိုင်ငံရေးပဋိပက္ခတွေကြောင့် ကိန်းဂဏန်းအချက်အလက်တွေ တိကျမှန်ကန်မှုရှိဖို့ အားနည်းနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် စာရင်းဇယားအချက်အလက်များမှန်ကန်စေရန် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအား ပြန်လည်ကောက်ယူရန်လိုအပ်ပြီး သို့မှသာ မဲစာရင်းများကို မှန်ကန်အောင်ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရန် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရေးသည် အဓိကလိုအပ်ပြီး တည်ငြိမ်အေးချမ်းမှုရှိကာ ဖိအားကင်းစွာ မဲပေးနိုင်မှသာ လွတ်လပ်၍ တရားမျှတသည့် စစ်မှန်သောရွေးကောက်ပွဲဖြစ်လာမည်ဟု ဆိုသည်။

“၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲမှာ တချို့ နယ်မြေတွေမှာ ခြိမ်းခြောက်မှုတွေရှိတာကြောင့် မဲရလာဒ်တွေပြောင်းလဲသွားတာကိုတွေ့ရှိရပါတယ်။ အဲ့လို ဖိအားပေးမှုနဲ့ခြိမ်းခြောက်မှုတွေမရှိအောင် ဆောင်ရွက်နိုင်မှသာ မဲရလာဒ်တွေမှန်ကန်မှာပါ။ ဒါ့ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ် (NCA) ကိုအခြေခံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့၏လိုလားချက်များ၊ဖြစ်ချင်သည်များကို နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့်ချိန်ထိုး၍ အကောင်းဆုံးဖြစ်စေရန် တပ်မတော်မှ ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည်နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့် မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရန် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင်ပိုမိုပါဝင်နိုင်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများအတွက်လုံလောက်သည့်အချိန်တစ်ခုပေးရန်လိုအပ်နေသေးသည်ဟု ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိက,ကအာဆီယံနိုင်ငံများမှဆိုလာသွင်းကုန်များကို35ဆခွဲထိအခွန်တိုးကောက်

ထရမ့်ပ်အစိုးရအဖွဲ့သည် ၎င်း၏ နောက်ဆုံးအကောက်ခွန် စည်းကြပ်မှုတွင် အရှေ့တောင်အာရှနိုင်ငံများမှ ဆိုလာသွင်းကုန်များအပေါ် အခွန်သစ်များ ချမှတ်ခဲ့ရာ၌ အမြင့်ဆုံးသည် ၃၅၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ တရုတ်နိုင်ငံထံမှ ထောက်ပံ့မှုများကို မမျှတစွာ အကျိုးခံစားခွင့်ရရှိနေသော ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ ဆိုလာထုတ်လုပ်သော ကုမ္ပဏီများသည် အမေရိကဈေးကွက်သို့ အလွန် ဈေးသက်သာသော ထုတ်ကုန်များကို အလုံးအရင်း ဖြင့် ရောင်းချနေခဲ့သည်ဟု စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တနင်္လာနေ့က အခွန်သစ်များကို ကြေညာလိုက်ခြင်းဖြစ်သည်။ စည်းကြပ်ခွန်အသစ်များသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ ဖြည့်တင်းရေးကွင်းဆက်နှင့် ဈေးကွက်များကို ကပြောင်းကပြန်ဖြစ်စေခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေချပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယခုလ ဧပြီလ ၁၉ ရက်နေ့တွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း လားရှိုးမြို့တွင်း ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တပ်မတော်နှင့် MNDAA ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တပ်မတော်နှင့် MNDAA နှစ်ဖက်လုံးမှ တရားဝင်သတင်းထုတ်ပြန်မှုများ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ သဘောတူညီမှုများအရ MNDAA တပ်ဖွဲ့များသည် ဧပြီ ၂၁...

ကွမ်တမ် အေအိုင်က အလွန်လျင်မြန်စွာ‌တွေးနိုင်မည်

ဧပြီ ၂၂ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ ၎င်းသည် စက်အသိဉာဏ် ၏ ကုဒ်ကို ဖေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများအတွက် မျိုးဆက်သစ် အနာဂတ်တစ်ခု ဖြစ်သည်။ ကွမ်တမ်မက္ကင်းနစ်ပညာရပ်ကို ဥာဏ်ရည်တုနည်းပညာနှင့် ပေါင်းစပ်ခြင်းဖြင့် သုတေသီများသည် လူတို့နှင့် ဉာဏ်ရည်အလားတူသော အထွေထွေ ဉာဏ်ရည်တု နည်းပညာ (AGI) ကိုဖွင့်လှစ်နိုင်သည့် စနစ်များကို တည်ဆောက်လျက်ရှိသည်။ ဒေတာများကိုဖြတ်ကျော်သည့် ရိုးရာဉာဏ်ရည်တု AI မိုဒယ်များနှင့်မတူဘဲ၊ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ AI သည် အလွန်မြန်‌ေသာ နှုန်းဖြင့် ကြီးမားသောဒေတာအတွဲများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071