ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ မဲစာ ရင်းနှင့်ပတ်သက်၍ မဲဆန္ဒရှင်များသိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ရန်နှင့် ကြုံတွေ့ရသည့်အခက်အခဲ များကိုသတင်းပို့နိုင်ရန် ဆက်သွယ်ရမည့် Call Canter ဖုန်းနံပတ်များကို အသိပေးထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန် ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာ ဝန်ရှိသူများကတာဝန်ခံဖြေကြားပေးမည့်ဖြစ်ရာ ရုံးချိန်အတွင်းဆက်သွယ်နိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ထိုသို့ ဆက်သွယ်စုံစမ်းနိုင်သည့် ဖုန်းနံပတ်များအား အသိပေးထုတ်ပြန်ထားသော်လည်း စုံစမ်းမေးမြန်းခြင်း၊ သ တင်းပေးပို့ခြင်းမဟုတ်ဘဲ အနှောင့်အ ယှက်ပေးဆက်သွယ်လာသော ဖုန်းနံ ပါတ်များကို မှတ်တမ်းတင်၍ ယင်း ဖုန်းဆင်းကတ်များကို ပိတ်သိမ်းသွားမည်ဟု UEC ကသတိပေးခဲ့သည်။
