မော်လိုက်မြို့ကိုဗဟိုပြု၍ ယနေ့ နိုဝင်ဘာ ၁၄ ရက်ည နေပိုင်းက အင်အားအနည်းငယ်ရှိငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
မော်လိုက်မြို့၏ အနောက်ဘက်(၂၆)မိုင်ခန့်အကွာ၊ အ နက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ညနေ ၄ နာရီ ၈ မိနစ် ၁၃ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုအား တမူးမြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏ မြေငလျင်သတင်းအသိပေးချက်အရ သိရသည်။
