နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဒီဇင်ဘာ ၂၀ ရက်က မော်လမြိုင်လေဆိပ်အား ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူ များအား ပြောကြားခဲ့ခြင်းဖြစ်သည်။
နစက ဥက္ကဋ္ဌအား မော်လမြိုင်လေဆိပ်အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့်မော်လမြိုင်မြို့အနီး နိုင်ငံ တကာအဆင့်မီလေယာဉ်ကွင်းတည်ဆောက်မည့် အခြေအနေ၊ မော်လမြိုင်-ရေး ရထားလမ်းပိုင်း အ ဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိမှုတို့အား ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ရှင်းလင်းတင်ပြခဲ့သည်။
မော်လမြိုင်လေယာဉ်ကွင်းသည် မြို့နှင့်နီးကပ်ခြင်း၊တက္ကသိုလ်နှင့်နီးကပ်ခြင်းတို့ကြောင့် ခေါက်ရေတိုးချဲ့ပြေးဆွဲရန် ကန့်သတ်ချက်ရှိကာ လေယာဉ်ပြေးလမ်းအားတိုးချဲ့ရန် ကန့်သတ်ချက်ရှိခြင်းကြောင့် မော်လမြိုင်လေဆိပ်အား နေရာသစ်သို့ပြောင်းရွှေ့ရန် ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကဆိုသည်။
ထို့ကြောင့် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုနိုင်သည့် ပြည် တွင်းလေကြောင်းလိုင်းများမှ လေယာဉ်အမျိုးအစားအားလုံးဆင်းသက်နိုင်သည့် အဆင့်မီလေ ယာဉ်ကွင်းတစ်ခုတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ထို့ပြင် ရန်ကုန်-မော်လမြိုင်-ရေး ရထားလမ်းပိုင်းအား ခရီးသွားပြည်သူများသွားလာနိုင်ရေး လူစီးရထားတွဲများ ပြန်လည်ပြေးဆွဲပေးရန်နှင့်ကုန် စည်များပို့ဆောင်ရန်လိုအပ်ပါက ကုန်တင်ရထားတွဲများပြေးဆွဲနိုင်ရန်ဆောင်ရွက်ရမည်ဟု မှာ ကြားခဲ့သည်။
“အဲဒီ ရထားလမ်းပိုင်းကို အမြဲတမ်းစဉ်ဆက်မ ပြတ်သွားလာနိုင်ဖို့ စနစ်တကျထိန်းသိမ်းပြုပြင် အဆင့်မြှင့်တင်နေဖို့လိုပါတယ် ရထားလမ်းပိုင်းတစ်လျှောက် သာယာလှပရေးကိုလည်း တာဝန်ရှိသူတွေအနေနဲ့ ကြပ်မတ်ဆောင်ရွက်ကြဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကဆိုသည်။
အသစ်ထပ်မံဖောက်လုပ်မည့် မော်လမြိုင်-ထားဝယ် ရထားလမ်းပိုင်းတည်ဆောက်ရာ၌ လမ်းကြောင်းပြေပြစ်မှုရှိစေရန်နှင့်တတ်နိုင်သမျှ တစ်ဖြောင့်တည်းဖြစ်စေရန် စနစ်တကျကွင်းဆင်းတွက်ချက်ဆောင်ရွက်ရန်လိုကာ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ရေရှည်အကျိုးကိုကြည့်၍ မျှော်တွေးဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာ ကြားခဲ့သည်။
