Sunday, February 16, 2025

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း...

ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က...

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား...

ထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်း စီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည်...
HomeNewsLocal Newsမော်လမြိုင်မြို့ မြစေတီဆရာတော်အား သာသနာတော်ဆိုင်ရာ...

မော်လမြိုင်မြို့ မြစေတီဆရာတော်အား သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်

နိုင်ငံတော်က အပ်နှင်းဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို မော်လမြိုင်မြို့ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက မြစေတီဝံသာဓိပတိအဂ္ဂ မဟာပဏ္ဍိတ ဝိနယပါဠိပါရဂူ မြစေတီဆရာတော်ဘုရားကြီး ဆက်ကပ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသည့် ဆရာတော် (၉)ပါးအနက် မြစေတီဆရာတော်တစ်ပါး ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုဘွဲ့တော်သည် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ရရှိထားပြီး၊အနည်းဆုံးသိက္ခာတော်(၄၀)ဝါရှိရမည်ဖြစ်ကာ ဗဟုသုတအကြားအမြင်များခြင်း၊ စာပေကျမ်းဂန်ရေးသားဖူးခြင်းစသည့် ဂုဏ်ထူးတို့နှင့် ပြည့်စုံသောဆရာတော်များအားအပ်နှင်းဆက်ကပ်သောဘွဲ့တံဆိပ်တော်ဖြစ်သည်ဟု သိရသည်။

ထို့ပြင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်(၅၄) ပါးဆပ်ကပ်ခံရသည့်အနက် မော်လမြိုင်မြို့ရှိ ဆင်ဖြူဆရာ တော်ဘုရားကြီးက ထပ်မံ အပ်နှင်းဆက်ကပ်ခံရကြောင်း သိရသည်။

ထို ဘွဲ့တံဆိပ်တော်သည် စာပေသင်ကြားပေးခြင်း၊ တရားဟောကြားခြင်း၊ အခြားနည်းဖြင့်ဖြစ်စေ ဗုဒ္ဓသာသနာနုဂ္ဂဟဝင် အနည်းဆုံးဦးရေ (၁၀၀) ရရှိအောင် စီမံဆောင်ရွက်ခဲ့ခြင်း (သို့မဟုတ်) ဗုဒ္ဓသာသ နာထွန်းကားမှုအားနည်းသော ဒေသများ၌ နှစ်(၂၀) သာသနာပြုခဲ့ခြင်း (သို့မဟုတ်) သာသနာတော်အား ကျေးဇူးများသော ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန် အနည်းဆုံး (၁၀) အုပ်ကို ရေးသား ရိုက်နှိပ် ထုတ်ဝေခဲ့ခြင်း (သို့မဟုတ်) အခြေခံဗုဒ္ဓဘာသာသင်တန်း (သို့မဟုတ်) ဘုန်းတော်ကြီးသင်ပညာရေး အနည်းဆုံး (၁၅)နှစ် သင်ကြားပေးခဲ့ခြင်း (သို့မဟုတ်) ဘုရားစေတီ တည်ထားကိုးကွယ်ခြင်း၊ သာသနိကအဆောက်အဦများ တည်ဆောက်ပြုပြင်မွမ်းမံခြင်းနှင့် ပရဟိတလုပ်ငန်းများ ထူးခြားစွာ ဆောင်ရွက်ခဲ့သည့် ဆရာတော်များကို ဆက်ကပ်ခြင်းဖြစ်ကြောင်း သိရသည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ယမန်နေ့ ဇန်နဝါရီ (၄) ရက်တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆက်ကပ်လှူဒါန်းအပ်နှံခဲ့ခြင်းလည်းဖြစ်သည်။

ဘွဲ့တော်များကို ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိဝန်ဆောင် စာချဆရာတော်များ၊ ဝိပဿနာဓုရ ပဋိယတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မက ထိကနှင့် ပြည်တွင်း/ပြည်ပ သာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးဖြင့်ထူးခြားစွာ ထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များအား ဆက်ကပ်လှူဒါန်းအပ်နှံခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း သမ္မတ ဗိုလာဒီမာ ဇလန်းစကီး က ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇလန်းစကီး နှင့် ရုရှားသမ္မတ ဗလာဒီမီရ် ပူတင် တို့ထံ ဖုန်းခေါ်ဆိုပြီးနောက် သောကြာနေ့တွင် ပြောကြားခဲ့သည်။ “ဖြစ်နိုင်တယ်၊ဒါမဲ့ အရမ်းခက်လိမ့်မယ်။ သေချာပါတယ်၊ ခက်ခဲတဲ့အခြေအနေတိုင်းမှာ တစ်စုံတစ်ခုအတွက် အခွင့်အရေးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အခွင့်အလမ်းနည်းပါတယ် -...

ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြု ပြောကြားခဲ့သည်။ အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် ဆာ ကီယာနှင့် ဖုန်းပြောဆိုမှုအကြောင်းအရာကို မစ္စထရမ့်ပ်က ပြောဆိုခဲ့သည်။ “သူက တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းတယ်၊ တွေ့ဆုံကြဖို့ ငါသဘောတူလိုက်ပါတယ်” ဟု အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားခဲ့သည်။ “ငါတို့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသွားကြမယ်၊ အရမ်းအဆင်ပြေပါတယ်” ဟု သူက ဆိုသည်။ တွေ့ဆုံမည်ရက်ကို မသိရသေးသော်လည်း...

AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က ထိုင်းကိုအနိုင်ယူ၊ တောင်ကိုရီးယားကလည်း ဆီးရီးယားကို အနိုင်ရ

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား အုပ်စု ဃ မှာ တောင်ကိုရီးယားက ဆီးရီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဟီဆာတစုဂု အီရှီ က ၁၄ မိနစ်မှာ ဂျပန်အတွက် ပထမဂိုးကိုသွင်းယူပြီး၊ ရီယွန်း အစ်ချီဟာရာ သည် ၃၃ မိနစ်တွင် ပင်နယ်တီ မှ တစ်ဆင့် ဒုတိယ ဂိုးကို သွင်း ခဲ့သည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071