Looking for something?

Explore the website

Looking for something?

Saturday, May 24, 2025

မြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုကျယ်ပြန့်စေရန်ထိုင်းကတွန်းအားပေးနေ

လာမည့်သီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပိုမိုထိတွေ့ဆက်ဆံရေးအတွက် ထိုင်းနိုင်ငံကရပ်တည်‌ပြောကြားပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ရှည်ကြာနေသော ပြည်တွင်းစစ် အဆုံးသတ်ရေးတွင်...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈...

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ...

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင်...

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော...
HomeNewsLocal Newsမော်လမြိုင်မြို့ မြစေတီဆရာတော်အား သာသနာတော်ဆိုင်ရာ...

မော်လမြိုင်မြို့ မြစေတီဆရာတော်အား သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်

နိုင်ငံတော်က အပ်နှင်းဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို မော်လမြိုင်မြို့ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက မြစေတီဝံသာဓိပတိအဂ္ဂ မဟာပဏ္ဍိတ ဝိနယပါဠိပါရဂူ မြစေတီဆရာတော်ဘုရားကြီး ဆက်ကပ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသည့် ဆရာတော် (၉)ပါးအနက် မြစေတီဆရာတော်တစ်ပါး ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုဘွဲ့တော်သည် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ရရှိထားပြီး၊အနည်းဆုံးသိက္ခာတော်(၄၀)ဝါရှိရမည်ဖြစ်ကာ ဗဟုသုတအကြားအမြင်များခြင်း၊ စာပေကျမ်းဂန်ရေးသားဖူးခြင်းစသည့် ဂုဏ်ထူးတို့နှင့် ပြည့်စုံသောဆရာတော်များအားအပ်နှင်းဆက်ကပ်သောဘွဲ့တံဆိပ်တော်ဖြစ်သည်ဟု သိရသည်။

ထို့ပြင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်(၅၄) ပါးဆပ်ကပ်ခံရသည့်အနက် မော်လမြိုင်မြို့ရှိ ဆင်ဖြူဆရာ တော်ဘုရားကြီးက ထပ်မံ အပ်နှင်းဆက်ကပ်ခံရကြောင်း သိရသည်။

ထို ဘွဲ့တံဆိပ်တော်သည် စာပေသင်ကြားပေးခြင်း၊ တရားဟောကြားခြင်း၊ အခြားနည်းဖြင့်ဖြစ်စေ ဗုဒ္ဓသာသနာနုဂ္ဂဟဝင် အနည်းဆုံးဦးရေ (၁၀၀) ရရှိအောင် စီမံဆောင်ရွက်ခဲ့ခြင်း (သို့မဟုတ်) ဗုဒ္ဓသာသ နာထွန်းကားမှုအားနည်းသော ဒေသများ၌ နှစ်(၂၀) သာသနာပြုခဲ့ခြင်း (သို့မဟုတ်) သာသနာတော်အား ကျေးဇူးများသော ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန် အနည်းဆုံး (၁၀) အုပ်ကို ရေးသား ရိုက်နှိပ် ထုတ်ဝေခဲ့ခြင်း (သို့မဟုတ်) အခြေခံဗုဒ္ဓဘာသာသင်တန်း (သို့မဟုတ်) ဘုန်းတော်ကြီးသင်ပညာရေး အနည်းဆုံး (၁၅)နှစ် သင်ကြားပေးခဲ့ခြင်း (သို့မဟုတ်) ဘုရားစေတီ တည်ထားကိုးကွယ်ခြင်း၊ သာသနိကအဆောက်အဦများ တည်ဆောက်ပြုပြင်မွမ်းမံခြင်းနှင့် ပရဟိတလုပ်ငန်းများ ထူးခြားစွာ ဆောင်ရွက်ခဲ့သည့် ဆရာတော်များကို ဆက်ကပ်ခြင်းဖြစ်ကြောင်း သိရသည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ယမန်နေ့ ဇန်နဝါရီ (၄) ရက်တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆက်ကပ်လှူဒါန်းအပ်နှံခဲ့ခြင်းလည်းဖြစ်သည်။

ဘွဲ့တော်များကို ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိဝန်ဆောင် စာချဆရာတော်များ၊ ဝိပဿနာဓုရ ပဋိယတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မက ထိကနှင့် ပြည်တွင်း/ပြည်ပ သာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးဖြင့်ထူးခြားစွာ ထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များအား ဆက်ကပ်လှူဒါန်းအပ်နှံခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုကျယ်ပြန့်စေရန်ထိုင်းကတွန်းအားပေးနေ

လာမည့်သီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပိုမိုထိတွေ့ဆက်ဆံရေးအတွက် ထိုင်းနိုင်ငံကရပ်တည်‌ပြောကြားပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ရှည်ကြာနေသော ပြည်တွင်းစစ် အဆုံးသတ်ရေးတွင် သံတမန်ရေးရာအရပိုမို အားထုတ်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်မည်ဟု သူကဆိုသည်။ အာဆီယံက ချမှတ်ထားသော ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးအစီအမံသည် မကြာသေးခင်ကအထိ တိုးတက်မှု တစ်စုံတရာမရှိခဲ့သော်လည်း အာဆီယံဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်သည် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်လည်းကောင်း၊ NUG နှင့် လည်းကောင်း သီးခြားဆွေးနွေးခဲ့သည့်အပြင်တွေ့ဆုံဆွေးနွေးရန် အသစ်တဖန်တွန်းအားပေးခဲ့သည်။ လူပေါင်း...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ ကျန်းမာရေးတည်ငြိမ်လာပြီဖြစ်ကြောင်း ဟမ်ဘတ်ရဲတပ်ဖွဲ့က စနေနေ့တွင်ပြောကြားခဲ့သည်။ သောကြာနေ့ ညနေ ၆ နာရီ (ဂရင်းနစ်စံတော်ချိန် ညနေ ၄ နာရီ) ခန့်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်ပွားရာနေရာ၌ အသက် ၃၉ နှစ်အရွယ် ဂျာမန်အမျိုးသမီးတစ်ဦးကို ရဲအရာရှိများက ဖမ်းဆီးခဲ့သည်။ သံသယရှိသူတွင် စိတ်ကျန်းမာရေးချို့ယွင်းမှုရှိကြောင်း "အလွန်ခိုင်မာသော အထောက်အထား" ရှိပြီး တိုက်ခိုက်မှုမှာ နိုင်ငံရေးလှုံ့ဆော်မှုကြောင့်ဟူသည့် အထောက်အထားမတွေ့ရဟု...

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင် မွန်းလွဲ ၁ နာရီခန့်က ရဟတ်ယာဉ်ပျ-က်ကျကာ မီးတောက်လေ-ာင်ခဲ့ခြင်းဖြစ်ပြီး မီးသ-တ်သမားများနှင့် ကယ်ဆယ်ရေးသမားများက မီးငြှိမ်းသတ်ပေးခဲ့သည်။ ဖြစ်စဉ်တွင် ပိုင်းလော့နှစ်ဦးနှင့် စက်ပြင်ဆရာတစ်ဦးတို့ ‌ေ-သဆုံးခဲ့သည်ဟု ထိုင်းမီးသတ်နှင့် ကယ်ဆယ်ရေးဌာန ဖေ့စ်ဘုတ်ပေ့ချ်တွင် ဖော်ပြခဲ့ပြီး လေထီးခုန်ထွက်ခဲ့သူ၏ အခြေအနေကိုမူ မသိရသေးပေ။ အဆိုပါရဟတ်ယာဉ်သည် ကန်ချနာဘူရီရဲတပ်ဖွဲ့ လေကြောင်းရဲဌာနမှ ဘဲလ် ၂၁၂ အမျိုးအစားရဟတ်ယာဉ်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ရဟတ်ယာဉ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071