တိုင်ဖွန်းမုန်တိုင်း”ကဂျိကိ”၏ အကြွင်းအကျန်များ ယနေ့ သြဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံအတွင်းဖြတ်ကျော်နေသဖြင့် တစ်နိုင်ငံလုံး၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်မှုများဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ဖြစ်ပေါ်ခဲ့ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းရှိ တောင်ပေါက်နှီးဘုရားကြီးကျောင်းတိုက်၏ မြေထိန်းနံရံမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ပြိုကျသွားသည့် မြေထိန်းနံရံမှမြေသားများအား ဖယ်ရှားရှင်းလင်းနိုင်ရန်နှင့် ပြန်လည်ပြုပြင်မှုများပြုလုပ်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူ များထံသို့ ဆက်သွယ်အကြောင်းကြားထားကြောင်း သိရသည်။
