မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊(၁၀)လမ်းရှိ နေအိမ်တစ်အိမ်တွင် ယမန်နေ့ ဧပြီ(၂၉)ညနေပိုင်းအချိန်ကရေကား သမားက နေအိမ်ရေစည်အပေါ်သို့ တက်၍ ရေထည့်စဉ် ဓာ တ်လိုက်ေ-သ ဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်လိုက်ေ-သဆုံးသူအား နေအိမ်ခေါင်မိုးအပေါ်မှတဆင့် အောက်သို့ချ၍ အရေးပေါ်ပြုစုကုသမှုများဆော င်ရွက်ပေးသော်လည်း ေ-သဆုံးသွားခဲ့ကြောင်း သိရသ ည်။
“ဖြစ်တဲ့နေအိမ်က ကမမောင်းဘက်ကနေ စစ်ရှောင်လာတဲ့သူတွေနေတဲ့ အိမ်ပါ။ ေ-သဆုံးသူကတော့ မော်လမြိုင်ခြောက်မိုင်ရပ်က ရေရောင်းတဲ့ ရေကားသမားပေါ့။ အသက်က (၃၀) ဝန်းကျင်လောက်ရှိပါပြီ။ လျှပ်စစ်ရုံးကို မိန်းပိတ်ချခိုင်းပြီးမှ တက်ပြီး ကယ်ရတာ။ အောက်ရောက်တော့ နှလုံးပြန်နှိုးတော့လည်း မရတော့ဘူး”ဟု ဒေသခံလူမှုကယ်ဆယ်ရေးတာဝန်ရှိက တစ်ဦးက ပြောသည်။
ေ-သဆုံးသူအား ဒေသခံလူမှုကူညီရေးအဖွဲ့က မော်လမြိုင်ဆေးရုံကြီး OPD မှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြော င်း သိရသည်။