မော်လမြိုင်ဆေးရုံကြီး၌ နှာခေါင်းကွဲ၊ အာခေါင်ကွဲ လူနာများကို ဒီဇင်ဘာလ ၁၆ ရက်တွင် အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်မြို့ သဲဖြူဆရာတော်ကြီးကို အမှူးထား၍ အလှူရှင်များက စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ခွဲစိတ်ကုသမှု ခံယူလိုသူများအနေဖြင့် မော်လမြိုင်ဆေးရုံအုပ်ကြီးရုံးသို့ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ထို့ပြင် မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရုံးတို့တွင် စာရင်းပေးသွင်းနိုင်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်မှ ၃၀ ရက်အထိ သဲဖြူဆရာတော်ကြီး ဦးဆောင်၍ မော်လမြိုင်မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် ၇၀၀ ကျော်ကို အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
