ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ “ရွှေမြင့်မိုရ်”စက်သုံးဆီအရောင်းဆိုင်မီးလေ-ာင်မှု ယနေ့ မေ ၂၂ ရက်နံနက် ၇ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ အ မှတ်(၄)ရပ်ကွက်ရှိ “ရွှေမြင့်မိုရ်”စက်သုံးဆီအရောင်းဆိုင်တွင်မီးလေ-ာင်မှုဖြစ်ပွား၍ မော်ကျွန်းမြို့နယ်မီးသတ်စခန်း၊ ကျိုက်ပိနယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၇ နာရီခွဲတွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုစတင်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးလျက်ရှိကြောင်း သိရသည်။
