ပြီးခဲ့သည့် မတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ကွမ်းသီးအနုပိ ဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ ၏ ပြောပြချက်အရ သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ကွမ်းသီးအနု ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ် လ (၁) ရက်နေ့မှ (၃၁) ရက်ထိ ကွမ်းသီးအနုပိဿာချိန် ၇၈ ၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွမ်းသီးအနုများ တင်ပို့အားကောင်းလာခြင်းသည်ပြည်ပဈေးကွက်မှ ကွမ်းသီးအနုများ ဝယ်လိုအားကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
“ပြည်ပဈေးကွက်က မှာယူမှုများလာလို့ ရန်ကုန်ကို ကုန်အ များအပြားတင်ပို့နေရတာဖြစ်ပါတယ်။ လက်ရှိ မော်လမြိုင်ကျွန်းမြို့နယ်ကနေ တင်ပို့ရောင်းချနေတဲ့ ကွမ်းသီးအနု ၁၀ ပိဿာကို ငွေကျပ် ၈၅၀၀၀ ထိ ဈေးရှိတယ်”ဟု ကွမ်းသီး ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
ကွမ်းသီးအနုများကို တရုတ်နိုင်ငံမှ အဓိက ဝယ်ယူကြပြီး မော်လမြိုင်ကျွန်းမြို့နယ်ကထွက်ရှိသည့် ကွမ်းသီးအနုများကို ကုန်သည်များမှ ကွမ်းသီးခြံများထိ သွားရောက်ဝယ်ယူကာ စနစ်တကျ ရွေးချယ်ထုပ်ပိုးပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။