ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့နယ်၊ကျိုက်ပိကျေးရွာအုပ်စု၊ရွှေတချောင်းကျေးရွာရှိ “စိန်မြင့်မို”ဆန်စက်ဝင်းအတွင်း၌ သြဂုတ် ၂၈ ရက်(ယနေ့)နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က မော်လမြိုင်ကျွန်းမြို့နယ်၊ကျိုက်ပိကျေးရွာအုပ်စု၊ရွှေတချောင်းကျေးရွာရှိ “စိန်မြင့်မို”ဆန်စက်ဝင်းအတွင်း၌ အလုပ်သမားများနေထိုင်သည့်နေအိမ်အချို့နှင့်ဆန်စပါးဂိုထောင်တစ်လုံးတို့တွင် မီးလောင်မှုဖြစ်ပွား၍ ကျိုက်ပိနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
“မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကတော့ မီးသတ်ကစစ်ဆေးခဲ့ကြတာပါ လူထိခိုက်သေဆုံး ဒဏ်ရာရတာမရှိပါဘူး အလုပ်သမားတွေနေတဲ့အိမ်တချို့နဲ့ဆန်ဂိုထောင်ကတော့ ပျက်စီးဆုံးရှုံးတာတွေရှိတယ် အဲဒီ ဆန်စက်က ဒီတစ်ခါနဲ့ဆိုရင် မီးလောင်တာ ၄ ကြိမ်ရှိပြီ”ဟု လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။
မီးလောင်ကျွမ်းမှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၃ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6296457403973092234_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6296457403973092235_x.jpg)