Wednesday, November 19, 2025

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ...

အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင် နိုဝင်ဘာလ (၁၉) ရက် နေ့လယ် (၁) နာရီဝန်းကျင်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်အသီးသီးမှ...

Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ...

Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ မကြာမီ စတင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Rostec ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် (CEO) Sergey Chemezov...

အထူးဒေသ(၄)တွင်  ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ်...

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ အထူးဒေသ (၄) ၊ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုရင်ပြင်၌ ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကို နိုဝင်ဘာ...

ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စု(၂,၄၀၄) စုအတွက်...

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ ယာယီတိမ်းရှောင်စခန်း(၁၉)ခုတွင်နေထိုင်လျက်ရှိသော အိမ်ထောင်စု(၂,၄၀၄)စုအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများကို နိုဝင်ဘာ ၁၈ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယာယီတိမ်းရှောင်စခန်း(၁၉)မှ အိမ်ထောင်စု(၂,၄၀၄)စု...
HomeInternationalမော်ရိုကို - ပြင်သစ်...

မော်ရိုကို – ပြင်သစ် ဆီမီးဖိုင်နယ်ပွဲအားပေးရန် ပြင်သစ်သမ္မတ ကာတာသွားမည်

ပါရီ၊ဒီဇင်ဘာ ၁၁

ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်သည် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့တက်ရောက်သွားသည့် ပြင်သစ်နှင့်မော်ရိုကိုအသင်းပွဲစဉ်ကိုကြည့်ရှူရန် ကာတာသို့သွားမည်ဖြစ်ကြောင်း ပြင်သစ်အားကစားဝန်ကြီး အမ်မလီအူဒါးကက်စတယ်လာကပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်ချန်ပီယံပြင်သစ်အသင်းသည်  ကွာတားဖိုင်နယ်အဆင့်၌ အင်္ဂလန်အားနှစ်ဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိပြီးနောက် ပေါ်တူဂီအား တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရလာခဲ့သည့် မော်ရိုကိုအသင်းနှင့် ဗိုလ်လုပွဲအတွက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သမ္မတခရီးစဉ်၏အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးသော်လည်း သွားမည်ကိုတော့ကတိပြုထားသည်ဟုလည်း မစ္စကက်စတယ်လာကပြောကြားခဲ့သည်။

သမ္မတရုံး၏ပြောကြားချက်အရ သမ္မတမက်ခရွန်သည် နိုင်ငံ၏အသင်း ဆီမီးဖိုင်နယ်အဆင့်သို့တက်လှမ်းနိုင်ပါက အဆိုပါပွဲစဉ်အားကြည့်ရှုရန် ကာတာသို့သွားမည်ဟု ပြီးခဲ့သည့်လကပြောကြားခဲ့ကြောင်းသိရှိရသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ရန်ကုန်တိုင်းအတွင်းရှိ မဲဆန္ဒရှင် ပြည်သူလူထုနှင့်တွေ့ဆုံကာ ရွေးကောက်ပွဲ ကြေညာစာတမ်းအား ရှင်းလင်းပြောကြားသည့် အခမ်းအနား မြင်ကွင်း

အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင် နိုဝင်ဘာလ (၁၉) ရက် နေ့လယ် (၁) နာရီဝန်းကျင်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်အသီးသီးမှ ပါတီဝင်များနှင့် ပါတီဝန်းရံထောက်ခံသူ ထောင်နှင့်ချီကာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းအတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင် ပြည်သူများကိုလည်း မိတ်ဆက်ပေးခဲ့ကြသည်။ ဓာတ်ပုံ - ပေါ်ပြူလာနယူးစ်

Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ ရုရှား မကြာမီစတင်မည်

Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ မကြာမီ စတင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Rostec ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် (CEO) Sergey Chemezov က ဒူဘိုင်းလေကြောင်းပြပွဲ ၂၀၂၅ (Dubai Airshow 2025) တွင် ပြောကြားခဲ့သည်။ "လေယာဉ်အသစ်တစ်စင်းကို တီထွင်ဖန်တီးရာမှာ အချိန်အတော်အတန်ကြာမြင့်ပါတယ်၊ ပျမ်းမျှအားဖြင့် ၁၀ နှစ်ကနေ ၁၅ နှစ်အထိပေါ့။ အခုချိန်အထိဆိုရင် အချိန်အနည်းငယ်သာကုန်သေးတာပါ။ လေယာဉ်တွေဟာ အဲ့ဒီလောက်မြန်မြန် ဆက်ခနဲဖြစ်လာတာမျိုး မဟုတ်ပါဘူး၊ ကလေးတွေကတော့ ကိုးလမှာ မွေးနိုင်တာပေါ့။ ကျွန်တော်တို့ရဲ့ လေယာဉ်ကတော့...

အထူးဒေသ(၄)တွင်  ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကိုခမ်းနားစွာကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ အထူးဒေသ (၄) ၊ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုရင်ပြင်၌ ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်ကကျင်းပရာ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးစန်ပေ့၊ ဦးဆန်လူနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ နှစ်သစ်ကူးအခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာပစ္စည်းများပြပွဲကိုလည်း ထည့်သွင်းပြသထားပြီး ယခုနှစ် နှစ်သစ်ကူးအခမ်းအနားအား ရှမ်းစာပေပြိုင်ပွဲ၊ ရိုးရာအားကစားပြိုင်ပွဲများ၊ ဒွေနဂရရွှေစေတီတော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားများဖြင့် (၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071