ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ယူနစ်များမှ ပစ်ချခံရမှုကြောင့် သောကြာနေ့အစောပိုင်းတွင် မော်စကိုမြို့တစ်နေရာသို့ ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှု ပျက်ပြားသွားကြောင်း မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဘီယန်နင်က ပြောကြားခဲ့သည်။
“ဒီညမှာ ရန်သူမောင်းသူမဲ့လေယာဉ်တစ်စင်းက တိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့တပ်ဖွဲ့တွေက ပစ်ချခဲ့ပါတယ်” လို့ မြို့တော်ဝန်က သူ၏ Telegram ချယ်နယ်တွင်ရေးသားခဲ့သည်။ “ပျက်စီးဆုံးရှုံးမှု သို့မဟုတ် အသေအပျောက် မရှိကြောင်း သတင်းရရှိပါသည်”ဟုလည်း ဆက်လက်ရေးသားထားသည်။ အခြားအသေးစိပ်အချက်အလက်များကိုမူ ရေးသားမထားချေ။
ဇူလိုင် ၂၄ ရက်က မော်စကိုမြို့ရှိ လူနေရပ်ကွက်မဟုတ်သည့် အဆောက်အအုံများကို ဒရုန်းနှစ်စင်းက တိုက်ခိုက်ခဲ့ကြောင်း ဆိုဘီယန်နင်က ရေးသားခဲ့သည်။ ရုရှားတပ်ဖွဲ့များကပစ်ချလိုက်သဖြင့် ဒရုန်းတစ်စင်းမှာ Komsomolsky Avenue၊ 17 ထဲသို့လည်းကောင်း၊ အခြားတစ်စီမှာ Likhachev ရိပ်သာရှိ အဆောက်အအုံတစ်ခုထဲသို့လည်းကောင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။