ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးသလောက် ပိဿာချိန် ၅၇၀၀၀ အ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူ များ၏ ပြောပြချက်အရ သိရသည်။
ဧပြီလအတွင်းက ပိဿာချိန် ၅၅၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလတွင် ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။
” ရန်ကုန်ဈေးကွက်ကို ပုံမှန်အတိုင်း တင်ပို့ရောင်းချနေပါတယ်။ တင်ပို့ရောင်းချနေတဲ့ ငါးသလောက်တွေရဲ့ လတ်ဆက်မှု၊ အရွယ်အစားနဲ့ အလေးချိန်ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ လက်ရှိမှာလည်း ငါးသလောက်တွေ အဝယ်လိုက်နေပါတယ်” ဟု ရေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကပြောသည်။
လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးသလောက်များပိုမိုတင်ပို့ရောင်းချနေရသည့်အတွက် ဒေသခံရေလုပ်သားများ ၊ တပိုင်တနိုင် အရောင်းအဝယ်လုပ်ကိုင်သူများ၊ ကုန်သည်များနှင့် ကုန်တင်ယာဉ် အငှားလိုက်သည့်လုပ်ငန်း လုပ်ကိုင်နေသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
