Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsမေလအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

မေလအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

ယခုမေလအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ရာတွင် ပြည်တွင်းစားဆန်တချို့ တစ်အိတ်လျှင် ကျပ် (၈,၀၀၀) မှ (၁၀,၀၀၀) အထိ ကျဆင်းလာခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်ဈေး နှုန်းအရ သိရသည်။

ယခု မေလအတွက် (၁၀၈) ပေါင်/ (၂၄)ပြည် ဆန်တစ်အိတ်ဈေးနှုန်း သတ်မှတ်ချက်အရ ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန်ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် (၂၅) မှတ်၊ (၁၅) မှတ်၊ (၁၀/၅) မှတ် (၅ ၀) ကီလိုဂရမ်တစ်အိတ် ကျပ် (၆၀,၀၀၀) မှ ကျပ် (၇၂,၀၀၀) အထိ သတ်မှတ်ထားသည်။

အလားတူ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသော အရည်သွေးအသင့်တင့်ရှိသော ဆန်အမျိုးအစား အဟောင်းတစ်အိတ်ကို ကျပ် (၇၈,၀၀၀) နှင့် အသစ်တစ်အိတ်ကို ကျပ် (၆၈,၀၀၀) သတ်မှတ်ထားသည်။

မြန်မာပြည်အောက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအရည် သွေးကောင်းမွန်သည့် ပြည်တွင်းစားဆန် အမျိုးအစားများကိုလည်း ဆန်ဟောင်းတစ်အိတ် ကျပ် (၉၂,၀၀၀) နှင့် အသစ်တစ်အိတ် ကျပ် (၇၅,၀၀၀) သတ်မှတ်ထားသလို မြန်မာပြည်အထက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအထူကောင်းမွန်သည့် ဆန်အမျိုးအစားများကိုမူ တစ်အိတ် ကျပ် (၁၃၃,၀၀၀ )နှင့် ဆန်အသစ်အတွက် တစ်အိတ် ကျပ် (၁၂၀,၀၀၀) သတ်မှတ်ထားသည်။

ဈေးအရောင်းစင်တာ (Super Market၊ Mini Market) များတွင် Consumer Packaging ဖြင့် ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကိုလည်း နိုဝင်ဘာလအတိုင်း သတ်မှတ်ပေးထားကြောင်း၊ ဈေးကွက်အတွင်းရောင်းချရာတွင် အထက်ဖော်ပြပါ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများအပေါ် (၈) ရာခိုင်နှုန်းထက်မပိုသော၊ ဝန်ဆောင်စရိတ် (၃) ရာ ခိုင်နှုန်းထက်မပိုသော၊ သယ်ယူသိုလှောင်စရိတ် (၄) ရာခိုင်နှုန်းထက်မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ရောင်းချရန် သတိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နှစ်စောင်တွင် ဖော်ပြထားသည်။ ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံ၏ ဒေသတွင်း ချိတ်ဆက်မှု ရည်မှန်းချက်များ...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD Biological Food Co. Ltd မှ ယွမ်(၂၅၉၄၁)တန်ဖိုးရှိ Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)ကိုလှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှုအား နန်နင်းမြို့၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းက လက်ခံရယူကာ ကျေးဇူးတင်မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏စီစဥ်ပေးမှုဖြင့် မေ ၂၁ ရက်က နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် - UB8504...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ ပြုပြင်ရန် လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၂၀၀၀)ဝန်းကျင် ကူညီပံ့ပိုးမည်

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀) ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Missiom(TSBM)အဖွဲ့ ထံမှ သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိကျေးရွာစာသင်ကျောင်းအချို့ ပညာသင်ကြားရေးစတင်နိုင်ရန် ကျပ်သိန်း (၂၅၀)အသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့ နှင့်ပတ်သက်သော surface rupture များ ပေါ်ပေါက်ခြင်း ၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071