အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက လေယာဉ်ငယ်တစ်စင်းပျက်ကျပြီး မဟာဓာတ်အားလိုင်းတာဝါတိုင်နှင့် ငြိကာ လေယာဉ်မှူးနှင့် ခရီးသည်တို့မှာ လေယာဉ်ထဲတွင် ပိတ်နေခဲ့သည်။
အခင်းဖြစ်နေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ ညနေ ၅ နာရီခွဲတွင် ရောက်ရှိခဲ့ပြီး၊ လေယာဉ်တွင်းပိတ်မိနေသည့် လေယာဉ်မှူးနှင့် ခရီးသည်တစ်ဦးတို့ကို ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် ဝါရှင်တန်ဒီစီနှင့် မေရီလန်းအနီးတစ်ဝိုက်နေထိုင်သူ ၈၅၀၀၀ ခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းကြုံနေရကြောင်း ထိုဒေသနေထိုင်သူ ၈၉၄၀၀၀ ခန့်ကို လျှပ်စစ်ဝန်ဆောင်မှုပေးနေသည့် Pepco Utility ကုမ္ပဏီကသတင်းထုတ်ပြန်သည်။
Ref: A pilot and passenger are trapped after a small plane crashed into power lines in Maryland
